4🧡(uni)

7.6K 434 6
                                    

Unicode

အပိုင်း-၄ : လက်ထပ်ပွဲ ။

"ဖြေးဖြေးဆင်း ညီ...ရရဲ့လား.."

"ဟုတ် ရ ရပါတယ်.."

ဤအချိန်သည် ခန့်ညီ၏ အိပ်ရှေ့ရပ်ဝန်း၌ ကားပေါ်ကဆင်းရန် ပြင်ဆင်နေသော အချိန်ပင် ။

တွဲကူလာသော အကို့လက်တွေကို ထိန်းကိုင်ရင်း လဲမကျအောင် သတိထား လျှောက်နေရ၏ ။

"အော် သားတို့ ပြန်လာကြပြီ.."

ခန့်ညီ၏ အမားမှ ဦးကြိုနှုတ်ဆက်၏ ။

"ဟုတ် အမား..အော် အန်တီတို့လဲ ရောက်နေကြတာ..မင်္ဂလာပါဗျ.."

လူကြီးတွေ ရှေ့တွင်မို့ အကို့ လက်တွေကြား ရုန်းထွက်ရင်း ကိုယ်ကို ကိုင်းညွှန့်ကာ ဂါဝရပြု နှုတ်ဆက်လိုက်သည် ။

"မေ တို့က ဘယ်ကနေ ဘယ်လို.."

"မေ တို့က မင်္ဂလာစကား လာပြောကြတာလေ.."

"ဟုတ်တယ် သားရဲ့...လာ ထိုင်ကြလေ..သွားလာရတာ ပင်ပန်းရောပေါ့.."

"ဟုတ် အန်တီ.."

"လာ..ညီ"

အကိုသည် ရှေ့သို့သွားရန် ပြင်ပြီးမှ ခန့်ညီအား လက်တွဲ ပြန်ခေါ်၏ ။ ကမ်းပေးလာသော အကို့လက်တွေအား စုပ်ကိုင်ကာ အားယူ ထိန်းလျှောက်လိုက်သည် ။

"ဟယ်တော်...သားက ဘယ်လိို ဖြစ်လာရတာလဲ.."

ယခုမှ သတိထားမိဟန်တူသော အမားသည် စိုးရိမ်စကားဆိုလာသည်။

"ဆိုင်ထဲမှာ လမ်းလျှောက်ရင်း..ခုံကို မမြင်လိုက်ပဲ..အာ့..ခလုတ်တိုက်မိလာလို့.."

ခုံလွတ်တွင် ဝင်ထိုင်ရင်း ပြန်ဖြေလိုက်သည် ။

"ဖြစ်ရမယ်..ငါ့သားနှယ်..အမြဲ နမော်နမဲ့နဲ့.."

"ကဲပါ..မမမိုးရယ်..ကလေးကို ဆူမနေပါနဲ့တော့..ကဲ သား..သွားနားချည်..သားခေတ်နေရောင် ညီလေးကို လိုက်ပို့လိုက်ချည်.."

ဆူရန်ပြင်နေသော အမားက်ို ဒေါ်သံသာသိမ့်မှ ဝင်တားကာ စကားဆိုသည် ။

"ဟို..မဟုတ်တာ..အကို နေခဲ့လိုက်ပါ..သား ဆေးလိမ်းပြီးတာနဲ့..ပြန်လာခဲ့ပါ့မယ်.."

Dear My Husband🧡Where stories live. Discover now