19🧡(Uni)

5.9K 289 0
                                    

Unicode

အပိုင်း - ၁၉ : အိမ်မက်ဆိုးသို့  အစချီခြင်း ။

ညမှောင်မှောင် ... တောနက်မဲကြီးထဲမှာ .... လမ်းပျောက်နေခဲ့သည် ။ ​အကို ပြေးလေ ... အနောက်က လူလားဘာလား မသဲကွဲသည့် အရိပ်တစ်ခုက လိုက်နေခဲ့သည် ။ ဘယ်လိုပဲ အားကြိုးမာန်တက်ပြေးနေပါစေ ... နေရာကနေရွေ့မသွား ... နီးလာပြီ .. လာနေပြီ ... ရောက်တော့မယ် ... ။

တစ်ဖြေးဖြေးနဲ့ ... အရိပ်က လူပုံသဏ္ဍာန်လို ပြောင်းလဲလာသည် ။ ဝါးနေသေးဆဲမို့ ဘယ်သူဘယ်ဝါလဲ ဆိုတာ မသဲကွဲ ။ ပုံပေါ်လာပြီ ... ရင်းနှီးနေသလိုပဲ ... ကြည့်နေရင်းနဲ့ ဝါးတားတား ထိုအရာဆီမှ အလင်းရောင် ဖြာခနဲ လင်းထွက်လာတာမို့.. မျက်လုံးပေါ်  လက်အုပ်လိုက်သည် ။ နောက်မှ လက်ကိုခွာလိုက်ပြီး ဖွင့်ကြည့်တော့ ..

" ကိုကို "

အသံဆာဆာလေး .. တအားကို စူးတာ ... အသံက ရင်းနှီးနေတာမို့ ... ကြားခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ အသံနဲ့ မတူပါစေနဲ့ဟု ကြိတ်ဆုတောင်းပြီး ပြူးပြဲကြည့်တော့ ... ထင်ထားတဲ့ လူနဲ့ ကွတ်တိ .. ။ သွေး .. သွေးပဲ .. အဖြူရောင်တီရှပ်လက်တို .. စတိုင်ပင် ဘောင်းဘီရှည်အနက်နဲ့ သွေးက .. နောက်ဆုံး သူ့ကို လမ်းခွဲစကားပြောပြီး ထားခဲ့တဲ့ နေ့က ဝတ်ခဲ့တဲ့ အဝတ်အစားနဲ့ .. ။

" ကိုကို "

ခေါ်သံနဲ့ အတူ သွေးက အကို့ဆီ ပြေးလာသည် ။ အသားဖြူဖြူ .. မျက်နှာလေးထောင့်မကျပုံနှင့် .. မျက်လုံးလှလှ ..ကိုယ်လုံး ပါးပါးလေးနဲ့ ကောင်လေး ။ ဟင့်အင်း .. မလာနဲ့ .. မလာပါနဲ့ ... ငါပြေးမှာ .. ငါပြေးမှာ ။ အတင်းအားသုံးကာ ပြေးနေသော်လည်း ခြေလှမ်းတွေက ရပ်နေရာမှ မကြွပဲ တောင့်တောင့်ကြီးဖြစ်နေတော့သည် ။

သွေးက အကို့ဆီ တရိပ်ရိပ်နဲ့ နီးလာပြီ ။ နီးလာလေ သွေးပုံစံက ပိုရှင်းလာလေမို့ .. ဟင့်အင်း .. မတွေ့ချင်ဘူး ... ။

" အကို "

အကိုနဲ့ အတော်ဝေးသည့် နေရာဆီမှ အဖြူရောင်အင်္ကျီ ၊ ဘောင်းဘီအဖြူရောင်ဖြင့် .. ညီ က လှမ်းခေါ်တာဖြစ်သည် ။ အေးစက်စက်အပြုံးတွေ ၊  တည်ငြိမ်တဲ့ အကြည့်တွေနဲ့  မျက်နှာပုံစံယူထားသည့် ညီက အရာရာကို ပြတ်သားနေသလိုနှယ် ။ ဝေးနေသော်လည်း ညီ့ပုံစံကို ထင်ရှားစွာ မြင်နေရသည် ။

Dear My Husband🧡Dove le storie prendono vita. Scoprilo ora