21🧡(Uni)

4.7K 204 2
                                    

Unicode

အပိုင်း - ၂၁ : မင်းက လူဆိုးလေးပဲ ။

ဒီနေ့တော့ ပြောထားသည့်အတိုင်း သင်နေကျအချိန်ထက်စောပြီး ထိုကောင်လေးဆီသွားဖို့ အိမ်ကထွက်ခဲ့လိုက်သည် ။ သူ့အိမ်နဲ့ ကိုယ့်အိမ်က တစ်လမ်းကျော်လောက်ပဲ ဝေးတာမို့ .. အမြဲ လမ်းလျှောက်သွားတယ် ။ ဒီနေ့လဲ ထုံးစံအတိုင်းပဲပေါ့ ။

" ဟေ့ကောင်တွေ ချကွာ .. "

" အာ့ အား "

ထိုကောင်လေး အိမ်နား ရောက်ခါနီးမှ ခရေပင်ကြီးအောက်က လူငယ်တစ်စု ။ ရန်ဖြစ်နေတာလား အနိုင်ကျင့်နေတာလား သဲသဲကွဲကွဲ မမြင်ရတာမို့ ရှေ့အနားကပ်တာ တိုးကြည့်လိုက်သည် ။ လူငယ်ငါးယောက်က ကန်နေကြခြင်း ။ ခံနေရတဲ့ ကောင်ငယ်လေးမှာ လူးလိမ့်လို့ အကွဲကွဲ အပြဲပြဲ ။

ယနေ့ခေတ် လူငယ်လေးတွေများ တအားဆိုးတာပဲ ။ ကိုယ်က လူငယ်မဟုတ်ဘူးလား မေးရင်လဲ လူငယ်တော့ လူငယ်ပဲ ဒါမဲ့ ရှေ့မှာ မြင်နေရတဲ့ ကောင်လေးတွေလိုတော့ မဆိုးမမိုက်ခဲ့ ။ ထို လူငယ်တွေကို ငေးကြည့်နေရင်းမှ အကန်ခံနေရသော ကောင်လေးကို မြင်ဖူးသလို ခံစားလညရ၏။ မဟုတ်မှလွှဲ
ဘုန်းသွေးခန့် ! ။ ထိုလူငယ်တွေဆီ အရောက်ပြေးလိုက်သည် ။

" ဟေ့ကောင်တွေ ရပ်လိုက် "

အော်ပြောလိုက်တော့ ကန်နေသော လူငယ်တွေက ရပ်သွားကြသည် ။ မတုတ်မလှုပ်နဲ့ ငြိမ်ခံနေရသော အောက်က ကောင်လေးသည် တကယ့်ကို ဘုန်းသွေးခန့်ပင် ။

" ဘာလာရှုပ်တာလဲ .. ကိုယ့်လမ်းကိုယ်သွားလိုက် "

လူငယ်တွေထဲမှ ခပ်မိုက်မိုက် ကောင်လေးက ဆိုလာတာဖြစ်သည် ။ ငါးယောက်လုံးက ဟော့ဟော့ ရမ်းရမ်း လူငယ်တွေထဲကတော့ မဖြစ်နိုင် .. ပိုက်ဆံရှိ အသိုင်းအဝိုင်းကပဲ ဖြစ်လိမ့်မည် ။ မိဘ အလိုလိုက်ခံထားရလို့ ပျက်စီးနေကြသော ၁၀၉/၁၁၀ လေးတွေ ဖြစ်နေကြတာ ဖြစ်လိမ့်မည် ။

" မင်းတို့ သွားကြတော့ "

" ဟာ့ ခင်ဗျား​သာသွား .. ဝင်မရှုပ်ချင်စမ်းပါနဲ့ "

" မသွားလဲ မင်းတို့သဘောပဲ .. ရပ်ကွက်လူကြီးတွေ ရောက်လာတော့မှ စခန်းကျ ရှင်းပေါ့ "

Dear My Husband🧡Hikayelerin yaşadığı yer. Şimdi keşfedin