27🧡(Zaw)🔞🔞

3K 73 0
                                    

Warning🔥🔥

ZawGyi

အပိုင်း - ၂၇ : အိမ်မက်လှလှလေးကို ဖန်တီးရအောင် ။

ချောမွေ့ အိစက်နေတဲ့  မွေ့ယာထက် ... အချစ် ငှက်နှစ်ကောင်သည် ပျော်ပါးနေလေရဲ့ .. ။

" ဟားး အကို ... မလုပ်နဲ့ဗျာ .. ယားတယ်လို့ .. ဟင်းဟင်း "

အကို့ရဲ့ အနမ်းတွေကြား ခန့်ညီမှ လူးလိမ့်ကာ ရုန်းကန်နေသည် ။ 

အကိုတစ်ယောက် .. ဒီညမှ ညီ့အား အရမ်းကပ်ကာ ကြောင်ငယ်လေး တစ်ကောင်လို ကပ်ချွဲနေကတည်းက မသင်္ကာခဲ့တာ ... ခုတော့ ထင်တဲ့ အတိုင်းပဲ ... လိုချင်နေပြန်ပြီလေ ။

ခန့်ညီမှ ရေချိုးပီးကာစ ညဝတ်အင်္ကျီဝတ်အပြီးတွင်
အကို က ခန့်ညီကို အသာပွေ့ကာ ကုတင်ပေါ် ပစ်တင်သည် ။ ထို့နောက် ခန့်ညီ ပေါ်  အုပ်မိုးတက်သည် ။

အခန်းမီး အလင်းရောင် ဖြာဖြာတွေကြား အကို့ မျက်ဝန်းတွေက စူးရှရှ အကြည့်တွေက ခန့်ညီ နှုတ်ခမ်းဆီ ဝဲလည်နေသည် ။ ထိုနှင့် အတူ အကို့ နှုတ်ခမ်းပါးတွေက ခန့်ညီ နှုတ်ခမ်းတွေဆီ ထိကပ်လာသည် ။

ချိုမြိန်တဲ့ ဝိုင်ထက် အကို့ အနမ်းတွေကပို မူးယစ်စေသည် ။ အကို့ အနမ်းတွေ လက်ခံရရှိတိုင်း နှလုံးခုန်သံတွေ ပုံမှန်မဟုတ်ပဲ ခုန်လှုပ်နေဆဲပင်။ အလုပ်ကိုယ်စီ ရှုပ်နေတာနဲ့ မအားလပ်တဲ့ အချိန်တွေ အစား အကိုက ဒီညကို လိုချင်နေတာ ဖြစ်မည် ။

စုပ်ယူ နမ်းရှိုက်လာတဲ့ အကို့နှုတ်ခမ်းတွေကို အလိုက်သင့် ပြန်နမ်းပေးရင်း လက်တွေကို အကို့ လည်တိုင်ဆီ ခိုတွဲလိုက်သည် ။ အသိစိတ်က အနမ်းတွေကြားသာ စီးမျှောနေမိရင်း အကြိမ်ကြိမ် ပြိုလဲကျနေမိသည် ။

အရှိန်ရလာတာနဲ့ အမျှ အနမ်းတွေက ကြမ်းတဲ့ဘက်ဆီ ဉီးတည်လာသည် ။ အကို့ လျှာဖျားလေး က ညီ့ ခံတွင်းထဲ တိုးဝင်လာပြီး အငမ်းမရဖြစ်လာသည် ။ တစ်ခါတစ်ခါ သွားနဲ့ ဖိဖိကိုက်လာတာမို့ လူက တွန့်ကနဲ ။

အချိန်တွေ ကြာလာလေ  အောက်ဆီဂျင် လိုအပ်လာလေမို့ အကို့ ရင်ဘတ်ကို အသာတွန်းကာ ခွင့်တောင်းခြင်း ပြုလိုက်သည် ။ အလိုက်သိတဲ့ အကိုက ရပ်ပေးရင်း ဖယ်ခွာသွားသည် ။

Dear My Husband🧡Hikayelerin yaşadığı yer. Şimdi keşfedin