12🧡(Uni)

6K 297 6
                                    

Unicode

အပိုင်း - ၁၂ : မင်းက ကိုယ့်အပိုင်  ။

ဝေလွင် ချိန်းထားသည့်နေရာဆီ ချိန်ထားချိန်ထက် စောရောက်ကာ စောင့်နေလိုက်သည် ။ ကဖေးဆိုင်လေးသည် ညနေခင်း အချိန်မို့ စားသုံးသူများ ရှင်းလင်းနေသည် ။ ပန်းပင်လေးတွေ စိုက်ပျိုးထားကာ သဘာဝရနံ့များဖြင့် မွှေးနေစေသော ဆိုင်အပြင်အဆင်လေးသည် စိတ်ကိုအေးမြစေတာတော့ အမှန်ပင် ။

ထောင့်ကျသည့် နေရာလေးကို ရွေးချယ် ထိုင်ဖြစ်သည် ။ ခန့်ညီနှင့် မနီးမဝေး တစ်နေရာထိုင်ခုံတွင် သတင်းစာဖတ်ဟန်ဆောင်ကာ ရုပ်ဖျက်စောင့်ကြည့်နေသော အကိုလည်း ရှိနေခဲ့သည် ။ စိတ်မချလို့ လိုက်ခဲ့မယ်ဆိုပြီး အတင်းလိုက်လာတာ ဖြစ်သည် ။ ညက အဖြစ်အပျက်ဆီ ပြန်သွားရရင်ဖြင့် .....

.......................။

နှစ်ဦးသား အနမ်းတွေ ဖလှယ်ပြီးနောက် .. ခန့်ညီမှ ရေမိုးချိုးကာ ကုတင်ပေါ်တွင် အနားယူနေတော့သည် ။အကိုသည်  စားပွဲထက် ကွန်ပျူတာ တစ်လုံးနှင့် အလုပ်ရှုပ်နေခဲ့သည် ။

မကြာလိုက် .. အလုပ်လက်စသတ်ပြီးတော့ ကုတင်ပေါ် တက်လာခဲ့သည် ။ ခန့်ညီက ပင်ပန်းနေတာကြောင့် မျက်လုံးသာ မှိတ်ရင်း အိပ်ပျော်ရန်ကြိုးစားနေချိန်ဖြစ်သည် ။အကိုက ကျောပေးအိပ်နေသော ညီ့အနားဆီ တိုးကပ်လာသည် ။

" ညီ .. မအိပ်သေးဘူးမလား "

နားရွက်နောက်နားဆီမှ လေနွေးတစ်ချက်ထိခတ်လာတာမို့ ညီ့ခန္ဓာကိုယ် သည် တွန့်ကနဲ တုန်သွားသည် ။

" အင်းး .. နည်းနည်း ပင်ပန်းနေလို့ "

အိပ်ချင်မူးတူးအသံပိစိလေး ထွက်ကာ စကားပြောလာတာ ဖြစ်သည် ။

" လာခဲ့လေ ရင်ခွင်ထဲ "

ထို့နောက်  အကိုသည် လက်တစ်ဖက်ကို ခေါင်းအောက်လျှိုသွင်းလာတာမို့ အလိုက်တသိနဲ့ ခေါင်းကြွပေးလိုက်ပြီးသည်နှင့် ကျစ်လျစ်နေသည့် ထိုလက်မောင်းထက်၌ပင် ခေါင်းအုံးလိုက်သည် ။

နောက်ကျောဆီကလည်း ခပ်နွေးနွေး ကိုယ်ငွေ့နှင့်အတူ ခါးပိုင်းမှလည်း လက်တစ်ဖက်က ယှက်တွယ်ကာ အနီးကပ်ဆွဲယူခြင်း ခံလိုက်ရတာမို့ လူတစ်ကိုယ်လုံးသည် အကို့ရင်ခွင်ထဲ အကာအကွယ်မရှိဝင်ရောက်သွားရတော့သည် ။ ထို့အပြင် လည်ဂုတ်တစ်ဝိုက် လေနွေးနွေး၏ ထိခတ်မှုကိုလည်း ခံစားနေရပါသေးသည် ။

Dear My Husband🧡Tempat cerita menjadi hidup. Temukan sekarang