6🧡(Zaw)

3.2K 109 0
                                    

ZawGyi

အပိုင်း - ၆ : သံယောဇဉ် အမျှင် သေးသေးလေး🧡။

မင်္ဂလာ နေ့ ရက်  သည် တစ် ပတ် မြောက် နေ့ ရောက် ခဲ့ ပြီ ။

အရှေ့ အရပ် မှ ထွက် ပေါ်  လာ သော ရောင်နီဉီး သည် အခန်း ပြတင်း မှ တစ်ဆင့် အိပ် မော ကျ နေသောကောင်ငယ်လေး ထံ ကျ ရောက် လာ ၏။

ဝါးးးး...

အသံရှည် ကြီး ဆွဲ ကာ ခြေလက် အကုန် ဆန့် ပြီးနောက် ထထိုင် လိုက် သည် ။ မျက် လုံး ကို ပွတ် သပ် ကာ ဖုန်း ကိုင် ကြည့် သည် ။  message box ထဲ ဝင် လိုက် သည် နှင့် "အကို" ဆီ မှ message လေး ကြောင့် လှစ်ခနဲ ပြုံး မိ သည် ။

💌- " ညီ ရေ မောနီး ပါ ဗျ ..အကို အလုပ် သွား ပြီ.နော် .. ညနေ ကိုယ် ဝင် ကြို မယ် ..ဂရုစိုက် ဉီး ညီ...."

အကို က တော့ လေ..။

💌- " မောနီး အကို...အကို လဲ ဂရု စိုက် ဉီး နော် "

တိုတို တုတ် တုတ် reply သာ ပို့ ရင်း ပြင် ဆင် စရာ ရှိ တာ ပြင် ဆင် ရ တော့ သည် ။ ရေ ချိုး ခန်း တွင် သွား တိုက် တံ မှာ အဆင် သင့် ၊ ရေ အေး ချိုး ရန် အဆင် မပြေ သော ခန့်ညီ အဖို့ ရေပူရေအေးစပ် ပေး ထား သော ကန်လေး မှာ ရေ တွေ က အပြည့်၊ နောက် တသတ် မှာ လဲ တန်း တွင် ချိတ် လျှက် သား၊ ခနိ့ညီ အဖို့ ဇိမ် ကျ လှ ပါ ၏။

**အကို က တော့ လေ ဒီ လို သာ ဆို ငါ အကျင့် ပါ တော့ မှာ ပဲ**

" ဒေါ် လေး ရေ သား ဗိုက် ဆာ ပြီ "

ပြင် ဆင် ပြီး သည် နှင့် အောက် ထပ် ကို အပြေးဆင်း ၊ မီးဖို ခန်း ထဲ အလုပ် ရှုပ် နေ သော ဒေါ်လေးခင် ဆီ ကပ် ချွဲ ၏။

" ဒေါ် လေး ဘာ တွေ လုပ် "

" အမလေး! ပလုပ်တုတ် "

နောက် က နေ ခါး တို့ ပြီး စလိုက် တာ မို့ ဒေါ်လေး ခင် သည် တုန်တက် ကာ ယောင် ၏။

" သားငယ် လေး ရယ် လန့် လိုက် တာ..တကယ် ပဲ "

" ဟီးဟီး..သား ဗိုက် ဆာ ပြီ "

" အဆင်သင့် ပါ ပဲ တော် .. သွားး ထိုင် စောင့် နေ..လာ ပို့ မယ် ဟုတ် ပြီ လား "

" ဟုတ် ဟုတ် "

ဂျူတီ ကုတ် ကို လက် မှာ ချိတ် ရင်း ပြေး သွား သော ခန့် ညီ ကို ဒေါ် လေး ခင် မှာ မနိုင်ဘူး ဆို ပြီး အကြည့် ဖြင့် ကြည့် ကာ ပြုံး နေ သေး ၏။ ဒီ ကလေး သည် အိမ်ထောင်သည် ဆရာဝန် လေး တဲ့ ။ တကယ့် ကလေးလေး အတိုင်း ပဲ ။ စတွေ့ ထဲက ခင်ခင်မင်မင် နှုတ် ဆက် တတ် ပုံ လေး နဲ့ တင် အဖော် ဘယ် လောက် တွယ် ကြောင်း သိ နိုင် ပါ သည် ။

Dear My Husband🧡Où les histoires vivent. Découvrez maintenant