29🧡(Uni)

4.9K 225 0
                                    

Unicode

အပိုင်း -၂၉ : ရင်းနှီးနေသော လူဟု ထင်မိခြင်း ။

" ညီ "

ဟင် ... ဘယ်ပျောက်သွားတာလဲ .. ။ ရေချိုးခန်းထဲ မဝင်ခင်တုန်းက ရှိပါသေးတယ် .. ။ ရေချိုးပြီးလို့ အပြင်ထွက်လာချိန် .. ခုနက ကုတင်ပေါ်ထိုင်နေတဲ့ ညီက ခုမရှိတော့တာကြောင့် အကို တစ်ယောက် နေမထိထိုင်မသာ ဖြစ်နေတာဖြစ်သည် ။

" ညီ ... ညီရေ "

အပေါ်ထပ်ကနေ တစ်ဆာဆာနဲ့ ခေါ်နေတဲ့ အကိုက တစ်ခုခုများ ဖြစ်လို့များလား ။

" ညီ .. ဒီမှာ.. မီးဖိုခန်းထဲမှာ အကို "

မီးဖိုခန်းထဲ အကို စားဖို့ ပြင်ဆင်နေရင်းမှ လှမ်းထူးလိုက်သည် ။ အကောင်းဆုံး လုပ်တတ်တာ ဆိုလို့ ခေါက်ဆွဲပြုတ်ပဲ ရှိတာမို့ ... အသင့်စားခေါက်ဆွဲကို ကြက်ဥလေး ထည့်ကာ ချက်ပြုတ်ပေးနေတာ ဖြစ်သည် ။

" ညီ က ဒီမှာကို ... အကိုက ပျောက်နေတာ "

" အွင့် "

အနောက်ဆီမှ ညီ့ရဲ့ ခါးသွယ်သွယ်လေးကို လက်ဖြင့်ယှက်သွယ်ကာ သိုင်းဖက်လာသည် ။ ရုတ်တရက်မို့ ရှေ့ကိုတောင် အနည်းငယ် ယိုင်သွားသည် ။ ထို့အပြင် အကို့ စကားသံ နွေးနွေးက နားရွက်ဖျားလေးဆီ တိူက်ခတ်လာတာမို့ လူက တွန့်ကနဲ ။

" ဖြေးဖြေးဖက်ပါ အကိုရဲ့ ... အရမ်းပဲ "

" လွမ်းလို့ပါ "

" တတ်လဲ တတ်နိုင်ပါ့နော် ဦးခေတ် "

" ချစ်လို့ပါကွာ .. "

" အာ့ "

ပြောရင်းဆိုရင်း နားရွက်ဖျားလေးတွေကို  အကို့ သွားစွယ်စွယ်လေးတွေ၏ အနည်းငယ်သော အားဖြင့် ကိုက်လိုက်ခြင်းကို ခံစားလိုက်ရသည် ။ မနာပေမဲ့ ရုတ်တရက်မို့  ရင်ထဲ ဒိတ်ခနဲပဲ ။ ထိုနှင့်အတူ လက်မောင်းကို ကိုင်ပြီး ဆွဲလှည့်ခြင်း ခံလိုက်ရတာမို့  အကိုနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည် ။

" အကို လို့ "

" ရွှတ်စ် ရွတ်စ် "

ထပ်မံပြီး ပါးပြင်တွေပါ အနမ်းပေးလာတာမို့ ခေါင်းကို ဟိုရှောင် ဒီရှောင်ဖြင့် လူက လှုပ်ရွလာရသည် ။ သို့ပေမဲ့ အကို့ အနမ်းတွေအား ရှောင်မရပဲ အနမ်းခံရသည် ။

Dear My Husband🧡Donde viven las historias. Descúbrelo ahora