31🧡(Uni)

5K 241 4
                                    

Unicode 

အပိုင်း -၃၁ :အကယ်၍ စွန့်လွှတ်နိုင်မယ် ဆိုရင်ပေါ့။

" ထပ်ဆုံ ရပြန်ပြီနော် အကို "

ဟုတ်ပါတယ် ။ ထပ်ဆုံရပါပြီ ။ ခုလို ထပ်ဆုံခွင့်ရဖို့ ကျွန်တော် အမြဲကြိုးစားနေဦးမှာ ။ လွန်ခဲ့တဲ့ တစ်ပတ်ထဲက  ကျွန်တော်နဲ့ တွေ့ဖို့ဆို အမြဲ ရှောင်နေတတ်တဲ့ အကို ... ဒီတစ်ခါရော ငြင်းဆန်ဦးမှာလား ။

အကိုတို့ အလုပ်ဖွင့်ချိန်ထက် တစ်နာရီ စောကာ မနက်(8:00) ထဲက company ရှေ့ ရပ်စောင့်နေတာ ဖြစ်သည် ။ နာရီ တကြည့်ကြည့် အကိုလာရာ လမ်းကို တစ်မျှော်မျှော်နဲ့ စောင့်နေသည် ။ လုံခြုံရေး ဂိတ်စောင့် ဦးလေးကြီးကတောင် " မင်း မလဲ အချိန်မှန်ပါပဲလား " ဆိုပြီး ရွှတ်နောက်နောက် ပြောတဲ့ထိ ကျွန်တော့်ကို မှတ်မိနေပြီ ။

အကိုတို့ အလုပ်က ဝန်ထမ်းမလေးတွေဆို ကျွန်တော့်ကို တွေ့တိုင်း တစ်ယောက်နဲ့ တစ်ယောက် တီးတိုးပြောကာ ပြုံးရယ်သွားကြသည် ။ အကိုကဆိုရင် ကျွန်တော့်ကို တွေ့တာနဲ့ တစ်ချက်သာကြည့်ပြီး အလုပ်ထဲ တန်းဝင်သွားခဲ့သည် ။

ဥပေက္ခာ ပြုနိုင်လွန်းတယ် အကို .. ။ အမုန်းမပါတဲ့ ချစ်ခြင်းနဲ့ လမ်းခွဲခဲ့ကြတာတောင် ကိုကို့ဘက်က ဘာလို့ သံယောဇဥ် လက်ကျန်လေးတောင် ကျွန်တော့်အတွက် မရှိရတော့တာလဲ ။ ဆက်ဆက်စောင့်နေပါလို့ မှာထားခဲ့တဲ့ ကျွန်တော့်စကားကိုများ မေ့လိုက်တာလား ကိုကို ။

ထွက်သွားတဲ့ သူထက် ကျန်နေခဲ့တဲ့ သူက ပိုနာကျင်ရမယ်ဆိုတာ သိပါတယ် .. ဒါပေမဲ့ ကျွန်တော်လဲ ကိုကို့ထက် မပိုရင်တောင် ကိုကို့ထက်မလျော့တဲ့ အလွမ်းတွေ ၊ အချစ်တွေနဲ့ .. တစ်နေ့ ကိုကိုနဲ့ ပြန်တွေ့ရမယ့် နေ့ရက်တွေကို လက်ချိုးရေနေခဲ့ရသူပါ ။

ဘာကြောင့်များလဲ ကိုကို ။ ကိုကိုကျတော့ အချစ်သစ်မှာ ပျော်နေနိုင်ပြီး ကျွန်တော်ကျတော့ ဘာလို့ ကျွန်တော့်အတွက် မဟုတ်တော့တဲ့ လူတစ်ယောက်ကို ကပ်တွယ်နေမိနေသေးတာလဲ ။ တစ်ခါတစ်လေကျ ကိုကို့ကို မုန်းလိုက်ချင်တယ် ... သို့ပေမဲ့ နှလုံးသားက နာတယ် ။ ဦးနှောက်က မေ့ပစ်လိုက်ဖို့ ဘယ်လိုပဲ တားတား နှလုံးသားကတော့ ကိုကိုမှ ကိုကို .. ကိုကို့ကိုပဲ တောင့်တနေမိတုန်း ။

Dear My Husband🧡Where stories live. Discover now