33🧡(Zaw)

2.2K 59 0
                                    

ZawGyi

အပိုင်း -၃၃ : ချစ်တယ် ။

အခန်းပြတင်းပေါက်မှ တစ်ဆင့် နေရောင်ခြည် နုနုလေးတွေသည်  အိပ်ယာပေါ်တွင် အိပ်မော ကျနေသည့် ကောင်ငယ်လေး၏ မျက်နှာပေါ်  ကျရောက်လာချိန်တွင်တော့ ကောင်ငယ်လေးက မျက်ခုံးတွေ တွန့်ကြုတ်ပြီး နိုးလာတော့သည် ။ ထရန်ပြင်လိုက်သည်နှင့် တဆစ်ဆစ် ထိုးကိုက်လာသော ခေါင်းကြောင့် လှဲသာနေနေရသည် ။ မျက်လုံးတွေ မှိတ်ထားလိုက်ကာ ပြန်မှေးနေလိုက်သည် ။ အိပ်ပျော်အောင် ကြိုးစားကြည့်ပေမဲ့ အချည်းနှီးသာ ။

မိနစ်ပိုင်းမျှ အကြာမှာတော့ အခန်းတံခါးဖွင့်သံနှင့်အတူ မွှေးအီနေသော စွပ်ပြုတ်အနံ့လေးက နှာခေါင်းထဲ တိုးဝင်လာသည် ။ ဒေါ်လေးခင်ပဲ ဖြစ်မယ်ထင်ပြီး အသာငြိမ်နေလိုက်သည် ။ သာမန်အခြေနေမျိုးနဲ့ဆို စွပ်ပြုတ်နံ့လေး ရသည်နှင့် အပီထဆွဲမိမှာမှန်ပေမဲ့ ခုက အပျင်းဖျားနေတာကလဲ တစ်ကြောင်း ၊ မကြည်နေသော စိတ်ကြောင့်ရော ၊ ခံတွင်းကလဲ ပျက်နေတာကြောင့် ငြိမ်နေမိသည် ။

"ကျစ် .. ကိုယ်က ပူနေတုန်းပဲကွာ "

ထို့နောက် နဖူးပြင်ဆီ ထိတွေ့လာသော လက်ဖဝါးပြင်နွေးနွေးနဲ့ အတူ စိုးရိမ်သံဖြင့် ထွက်ပေါ်လာသော အသံ ။ ရင်းနှီးသော အထိအတွေ့ ၊ အသံကြောင့် အကိုဆိုတာ တပ်အပ်သိသည် ။ အလုပ်သွားပြီဟု ထင်ထားပေမဲ့ .. မသွားပဲ ဂရုစိုက်ပေးနေတာပဲ ဆိုတဲ့ အသိကြောင့် တကယ်နွေးထွေးရသည် ။

" အင်းးးး "

အသံရှည်ဆွဲကာ ခြေတွေလက်တွေပစ်ပြီး အပျင်းကြောဆန့်လိုက်သည် ။ တစ်ဖန်ပြန်ထရန် ပြင်လိုက်တော့ အကိုက ပြာပြာသလဲ ထူပေးလာသည် ။ မလှုပ်နိုင်သော ကိုယ်ငယ်လေးက အကို့ဖေးမပေးမှုကြောင့် ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးလေးကို အမှီပြု နေနိုင်ခဲ့သည် ။

" အူကြူးလေး ... သက်သာရဲ့လား ..နေသာထိုင်သာရော ရှိရဲ့လား ... ခေါင်းကောမူးနေလား ... တကယ်သက်ကော သက်သာရဲ့လား ကလေးရယ် .. ဟင် "

မေးခွန်းတွေ တရစပ်မေးလာသူကြောင့် မကောင်းတဲ့ကြားက နှုတ်ခမ်းလှုပ်ရုံလောက်လေး ပြုံးမိသည် ။ နဖူးပြင် ၊ ပါးပြင်တွေကို ထိကိုင်ကာ စိုးရိမ်နေတဲ့ မျက်ဝန်းတွေမှတစ်ဆင့် အကို့ အချစ်တွေကို ခံစားမိသည် ။

Dear My Husband🧡Donde viven las historias. Descúbrelo ahora