26🧡(Uni)

4.6K 226 4
                                    

Unicode

အပိုင်း - ၂၆ : ချစ်သူ သက်တမ်း ။

ဘုန်းသွေးခန့် က သူ ​ပေးထားတဲ့ ကတိအတိုင်း ဆယ်တန်းကို နှစ်ချင်းပေါက် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည် ။ သူ့ ပုံစံအတိုင်း အောင်စာရင်း ထွက်တဲ့ နေ့မှာပဲ ... ကျွန်တော့် အိမ် အပြေး ရောက်လာခဲ့ပြီး အဖြေတန်းတောင်းတော့တာပဲ ။ အိမ်က အမေဖြစ်သူကတော့ ညထဲက သိပီးသားမို့ အရေး မကြီးပါဘူးတဲ့လေ ။

အော်ကြီးဟစ်ကျယ် နဲ့ အခန်းထဲ ပြေးဝင်လာထဲက မျက်နှာပြင်တစ်ခုလုံးက အပြုံးတွေ ဝေဆာလို့ ။ ရောင်စဥ်တွေလို လင်းလက်နေတဲ့ မျက်ဝန်းတွေထဲ အကို့ ပုံရိပ်တွေ ထင်ဟပ်လို့ .. ။

" ကိုကို ... ကိုကို ဘယ်မှာလဲ "

အပြင်က အသံဆာဆာကြောင့် ဘယ်သူလဲ ဆိုတာ မေးစရာမလိုပဲနဲ့ကို အကိုက သိနှင့်နေသည် ။ ရေချိုးနေရင်း တန်းလန်း ဖြစ်နေတာက်ု ရပ်ပြီး ခါးအောက်ပိုင်းကို ပဝါဖြင့် ပတ်လိုက်ကာ အခန်းပြင်ကို ထွက်ရတော့သည် ။

" ဒီမှာဟေ့ ... ဒီမှာ .. အော်ကြီးဟစ်ကျယ်နဲ့ "

အသံလာရာဆီကို ကျောပေးထားရင်းမှ လှည့်ကြည့်မိတော့ လည်ချောင်းထဲ ဂလုဆိုပြီး အသံတောင် မြည်သွားရသည် ။ ရေစက်လေးတွေ တွဲလဲခိုကာ ကြွက်သားတွေဖြင့် ပီပြင် တောင့်တင်းနေတဲ့ အကို့ အပေါ်ပိုင်း ရင်ဘတ်တွေ ၊ ဗိုက်သားပြင်တွေက ယောကျ်ားလေး အချင်းချင်းတောင် တခဏ အသက်ရှူ ရပ်သွားရသည် ။

အားကစား လိုက်စားသူ ပီပီ အရိုးအဆစ် ဖွံဖြိုးမှုတွေကို ပိုင်ဆိုင်ထားကာ ... ပျိုမေတွေ အသည်းစွဲရတဲ့ six packs ဆိုတဲ့ ပေါင်မုန့်တုံးလေးတွေကလဲ ဆွဲညှစ်ချင်စရာ ။

" ကြည့်လို့ဝရင်လဲ လာရင်း ကိစ္စပြော "

ဘယ်လောက်တောင် ငေးမိလဲ မသိ ... အကို့ အသံကြားတော့ အကိုက အဝတ်အစားတောင် ဝတ်ပြီးလို့ လက်ပိုက်ပြီး ကြည့်နေသည် ။

" လာရင်း ကိစ္စကတော့ ရှင်းပါတယ် ကိုကို ... အဖြေပေါ့ အဖြေ .. "

လက်နောက်ပစ်ကာ ပြောနေတဲ့ ပုံလေးက ဖြတ်ရိုက်ချင်စရာ ။

" ဘာ အဖြေလဲ "

Dear My Husband🧡Tahanan ng mga kuwento. Tumuklas ngayon