8🧡(Zaw)

2.9K 108 2
                                    

ZawGyi

အပိုင်း - ၈ : စတင်တွေ့ဆုံခဲ့သည့် အတိတ်နေ့ရက်လေးသည် လှပ၏ ။

မိုးသားတွေ ကင်းပြီး ကြယ်လေးတွေ နဲ့ တောက်ပကြည်လင်နေတဲ့ အချိန် ကောင်းကင်ပြာပြာကို ငေးကြည့်ရတာ သိပ်ကောင်းတာပဲ ။ လပြည့်ညမို့ ပြည့်ပြည့်ဝိုင်းဝိုင်းလေး ဖြစ်နေသည့် လမင်းကြီးမှာလည်း တောက်ပလျှက် ထိန်သာနေသည် ။

အိမ်ရှေ့ဝရံတာလေးဆီမှ စိတ်လွတ်လက်လွှတ် ကောင်းကင်ထက် ငေးကြည့်နေသော ညီ သည် အပြစ်ကင်းသော ကြယ်လေးတစ်ခုနှယ် သိပ်မြတ်နိုးဖွယ် ကောင်းပါ ၏။ ညီ့ နံဘေး မနီးမဝေးနား ဝင်ရပ်ရင်း ညီ့ မျက်နှာချောချော ကို ငေးကြည့်သည် ။ ကောင်ငယ်လေးကတော့ သိဟန်မပေါ် ပဲ အလှဆုံး ပြုံးကာ ငေးကြည့်နေလေသည် ။

" ညီ .. သဘောကျလား "

ဘယ်အချိန်ထဲက ရောက်နေမှန်း မသိရသော အကိုသည် စကားစလာသည် ။ ညီ့ ကို ပြုံးပြုံးကြီး ကြည့်နေသော အကိုသည် ယောက်ျားသိပ်ဆန်သည် ။

" အင်း ... တအားသဘောကျတာ ... စိတ်ညစ်စရာတွေရှိတဲ့အချိန် ဒီလိုလေး ငေးကြည့်နေရရင် အဲ့အရာတွေကို ပျောက်သွားတယ် ထင်လို့ "

" ဒါဆို ညီက အခု စိတ်ညစ်စရာတွေ ရှိနေလို့လား "

" ဟင့်အင်း .. ညီ က ပျော်တဲ့ အချိန်ဆိုလဲ ကြည့်တယ် .. အခုကြည့်နေတာ က ပျော်လို့ "

"......"

အကိုသည် ညီ့ကို ငေးကြည့်နေလျှက်သား ။ ညီကတော့ ကောင်းကင်ပြာကိုသာ ငေးကြည့်နေခဲ့သည် ။ အကိုကလေ ညီ့ကို ငေးကြည့်ရုံသာ တတ်နိုင်တာ ။
မင်း ကို ဆုံးရှုံးရမှာ သိပ်ကြောက်တာ ပဲ ညီ ။ ဘာကြောင့်ဆို ကိုယ် မပြောတတ်ဘူး .. ။ သွေးနဲ့တူတာ ကြောင့်လား ။ ဟုတ်မယ်မထင်ဘူး ...ညီက သွေးနဲ့မှ မတူတာ .. ။ အင်း ... တူတယ်လို့လဲ ထင်ခဲ့ဖူးတယ် .. ဒါက အရင်ကပါ .. ညီ့ကို စတွေ့တဲ့ အချိန်ကပေါ့ ။

...........................................................................။

Flash back..💫💨

စီးပွားရေး နောက်ဆုံးနှစ်ကျောင်းသားသည် ဒီနေ့မှ အိပ်ရာထ နောက်ကျနေ ခဲ့ သည် ။ လူငယ်အရွယ် ဖျက်ဖျက်လတ်လတ် အချိန်မို့ နောက်မကျစေရန် ပြိုင်ဘီးကို အမြန်နင်းသည် ။ ကံဆိုးချင်တော့ ဒီနေ့မှ ကားက ပျက်နေခဲ့သည် ။

Dear My Husband🧡Donde viven las historias. Descúbrelo ahora