14🧡(Uni)

5.7K 309 7
                                    

Unicode

အပိုင်း - ၁၄ : လက်ဆောင်ပစ္စည်းတွေ ။

" ဝါးးး ဒီနေ့ အကို့အကြိုက် ပါလား "

မနက်စာအတွက် ပြင်ဆင်ထားသော စားပွဲပေါ်မှ မုန့်ဟင်းခါးသည် အကို့မျက်ဝန်းတွေကို ဆွဲဆောင်ထားသည် ။ လက်လုပ်မုန့်တွေသာ နှစ်ခြိုက်သူမို့ ဒီမနက်စာက အကို့ကို အူစိုစေမှာ အသေချာပင် ။
အကိုနဲ့ ခန့်ညီက မတူတာ အစားအသောက်ဖြစ်သည် ။ ကိုရီးယား အစားအစာတွေ ၊ ဂျပန်အစားအစာတွေကို ခန့်ညီက ကြိုက်သော်လည်း အကိုကတော့ လက်ဖျားနဲ့တောင် မတို့ ။

အလုပ်ပိတ်ရက် date ဖြစ်တိုင်း ကိုယ်စားတာသူကမစားတာကြောင့် အရွေးရခက်သေးသည် ။ သို့သော်လည်း အက်ိုကသာ ညီ့အကြိုက်တွေကိုသာ စားစေချင်ခဲ့သည် ။ အကို ​ရွှတ်နောက်နောက်နဲ့ ပြောနေကျစကားလေးက * ညီ ဝရင် အကို ငတ်သလိုပါပဲတဲ့ * ထိုသို့ပြောရင် ညီက မျက်စောင်းလေးတစ်ချက်ထိုးပြတော့ သဘောတကျရယ်တတ်သေးတာ။

အတွေးတို့ပင်မဆုံး .. အားရပါးရစားနေသော အကိုသည် ဒီတစ်ခါဆို နှစ်ပန်းကန်မြောက်တောင် ဖြစ်နေပြီ ။ သူ့ကို စားစေချင်လွန်းလို့ မနက်စောစောထပြီး မလုပ်တတ်လုပ်တတ်နဲ့ အစွမ်းကုန် ချက်ပြုတ်ပေးထားရတဲ့ ကိုယ့်ဆီကိုတော့ အကြည့်လေးတစ်ချက်တောင် ရောက်မလာသေး ။

" တော်တော်မှ စားကောင်းရဲ့လား "

ခပ်ရွဲ့ရွဲ့ မေးသံကြားမှ ခေါင်းထောင်ကြည့်လာသည် ။ ပန်းကန်ထဲရှိ မုန့်ဟင်းခါးကို ပါးစပ်ထဲ ထည့်ရန် ပြင်ပီးမှ ပြန်ချကာ တို့ကနဲနဲ့ စားနေသော ခန့်ညီသည် တစ်ခုခု အလိုမကျနေပြီဆိုတာ အကိုက တန်းသိသည် ။

" အင်း .. ဒေါ်လေး လက်ရာနဲ့ မတူသလိုပဲ "

ထိုမျှသာ ပြောပြီး ဆက်စားသည် ။ ခန့်ညီကတော့ နှုတ်ခမ်းဆူနေလေပြီ ။

" ဒါမဲ့ အခုဟာက တော်တော်ကောင်းတာ "

ခန့်ညီ ခေါင်းငုံ့ထားနေရင်းမှ နှုတ်ခမ်းကို အစွမ်းကုန် ကွေးညွှတ်ရင်း ပြုံးလိုက်သည် ။ ထိုအပြုံးကို အကိုမှ လှစ်ခနဲ မြင်လိုက်ကာ သဘောကျနေသည် ။

Dear My Husband🧡Donde viven las historias. Descúbrelo ahora