ZawGyi
အပိုင်း - ၂၂ : ချစ်မိနေပြီ ထင်တယ် ။
ဒဏ်ရာ အရှိန်ကြောင့် အဖျားပါ ဝင်သွားတဲ့ ဘုန်းသွေးခန့် တစ်ယောက် ကျောင်းတစ်ပတ် ပျက်ရတော့သည် ။ သိပ်မကြာခင် ပထမအစမ်း စာမေးပွဲလဲ ရှိတာကြောင့် အကို တစ်ယောက် တစ်နေ့တစ်ခေါက် သူ့အိမ်သွားကာ စာပြရတော့သည် ။ ကိုယ့်ကျောင်းစာက တစ်ဖက် သူ့အတွက်က တစ်ဖက်နှင့် ကိုယ့်မှာ စိတ်ဖြောင့်ဖြောင့်နဲ့ကို အနားမယူနိုင် ။
ခုလဲ သူ့အိမ်ကို ရောက်နေပြီ ။ ကုတင်ထက် ကိုယ်က သူ့ဘေးတွင်ထိုင်ကာ စာရေးခုံလေးတင်ပြီး စာပြရသည် ။ အမြဲလိုလို ဂျစ်တိုက်နေတဲ့ ကောင်လေးက ဒီတစ်ခါတော့ ငြိမ်ကုတ်လို့ .. ။ စာကျက်လို့ ကျက် .. ပုစ္ဆာ တွက်ဆို တွက်ကာ လိမ်မာနေလေရဲ့ .. ။
" တစ်နေရာရာက နာနေသေးလား "
စာအလွတ်ရေးကာ အာရုံရနေသည့် ကောင်လေးကို အကိုမှ စကားစလိုက်သည် ။ နှုတ်ခမ်းတွန့်ရုံလေး ပြုံးပြတဲ့ ကောင်လေးဆီမှ ခေါင်းသာတစ်ချက်ညိမ့်ပြတဲ့ အဖြေကိုသာ ရရှိသည် ။ ဒီအခြေအနေကို သဘောမကျတာတော့ အမှန် ။
" ဒီနေ့ စောစောနားကြတာပေါ့ "
အကို မှ စကားဆက်လိုက်ပြန်သည် ။
" ကျွန်တော် မနက်ဖြန် ကျောင်းပြန်တက်တော့မယ် "
" အင်း .. မင်း အဆင်ပြေပြီဆို တက်ပေါ့ ... တကယ်ကော သက်သာရဲ့လား "
" အင်း ... အဲ့ဒါ မနက်ဖြန်က စပြီး ကိုကို ဒီလိုပဲ နေ့တ်ုင်းလာပေးမှာမလား "
ဗုဒၶေါ ... ကိုကိုတဲ့! ။ ငါများ နားကြားမှားတာလား ... ဒီကောင်လေးပဲ ခေါင်းထိသွားတာလား မပြောတတ် ။ အသံက တအားချိုသာနေတယ် ။
အခြေအနေကို မယုံသင်္ကာနဲ့ ကောင်လေးကို ကြည့်မိတော့ မျက်ဝန်းတွေက တစ်ဆင့် တောင်းဆိုမှုကို လိုက်လျောရန် ခွင့်တောင်းနေမှုတွေက အပြည့် ။ ဒီကောင်လေး တစ်ခုခုတော့ တစ်ခုခုပဲ ။
" အင်း စာမေးပွဲလဲ နီးပြီဆိုတော့ လာဖြစ်မှာပါ.."
ဘာကြောင့်ရယ်မသိ ... သူ ခွင့်တောင်းတာကို ကိုယ် မငြင်းနိုင် ။ တကယ်ဆို ဒီရက်ပိုင်းအတွင်း အရမ်းပင်ပန်းနေခဲ့တာ ... ညည့်နက်တဲ့ထိ ကိုယ့်စာတွေရယ် .. သူနားလည်စေမဲ့ သင်နည်းတွေကို လေ့လာရတာနဲ့ အိပ်ယာဝင် နောက်ကျ ရတဲ့ ရက်တွေက မနည်း ။ ထိုအကျိုးဆက်ကြောင့် အတန်းချိန်တွေမှာတောင် အိပ်ငိုက်တတ်နေပြီ ။

VOCÊ ESTÁ LENDO
Dear My Husband🧡
Romancerelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။