35🧡(Zaw)

2.3K 59 0
                                    

ZawGyi

အပိုင်း - ၃၅ : ပထမဆုံး အနမ်း ။

အနမ်းနယ်မြေထဲ မမောနိုင် မပန်းနိုင် ခရီးဆက်လာကြတာ နှုတ်ခမ်းတွေတောင် ပူထူလာတဲ့ အထိ အကိုက မရပ်မနား ဆက်ကာဆက်ကာ ထွေးငုံနေသည် ။ ရေချိုးခန်း၏ အအေးဓာတ်ရိုက်ခတ်မှုကြောင့်ရော လူတစ်ကိုယ်လုံးကလဲ အဝတ်အစားရယ်လို့ မရှိတော့တာကြောင့် လူက ခိုက်ခိုက်တုန်ချင်လာပြီ ။ အနွေးဓာတ်ရယ်ဆိုလို့ အနမ်းခံနေရသည့် နှုတ်ခမ်းတွေမှာသာ ရှိသည် ။

အနားပေးဖို့ မျက်နှာ အောက်ချကာ ရှောင်သော်လည်း အကိုက အောက်ချခွင့်ကို မပေး ။ ခေါင်းတစ်လုံးသာတဲ့ အကို့အရပ်ကို မှီအောင်မော့ပေးထားရတာ ဇက်တွေတောင် နာနေသည့်တိုင် အကိုက လွှတ်မပေး ။ တစ်ခါတစ်ခါ ရေပန်းအောက်  လူကရောက်သွားရင် ကျရောက်လာတဲ့ ရေစက်တျွေကြာင့် မွန်းလာသည် အထိ ။

" အာ့ "

သိပ်ကဲနေတဲ့ အကို့ကို နှုတ်ခမ်းကို ကိုက်ကာ အပြစ်ပေးလိုက်မှ နာသွားလို့ထင် .. ညည်းသံထွက်လာပြီး အနမ်းတွေ ရပ်ပေးတော့သည် ။

" ဘာလို့ ကိုက်တာလဲ အူကြူးလေးရဲ့ "

ပေါက်သွားတဲ့ အောက်နှုတ်ခမ်းကို လက်ညှိုးနဲ့ ဖိထားရင်း အကိုက ဆိုသည် ။ ဒေါသသံရယ်လို့ တစိုးတစိမှမပါ ။

" အကို က တအားဖြစ်နေတာကို ... ဒီမှာ မွန်းလို့ သေတော့မယ် သိလား "

" ဘာလဲ ... အချစ်က ငြိုငြင်တာလား "

ဆူသလိုလေး အသံနဲ့ ပြောမိတာကို ညှိုးနေတဲ့ မျက်နှာထားနဲ့ ပြန်ပြောလာတဲ့ အကို့ရုပ်က ဆွဲရိုက်ချင်စရာ ။

" အချစ်ပေါ့တာ "

" အူကြူးလေး !"

မျက်မှောင်ကြုတ်ပြကာ အော်ပြောလာတဲ့ အကို့ကြောင့်  ခွီခနဲ ရယ်မိသွားသည် ။ အကိုက သိပ်စလို့ကောင်းတာပဲ ... ပြီးတော့လဲ  ချစ်စရာကြီး ။

" ဟဲဟဲ ... စတာကို ... ငြိုငြင်တယ်ပေါ့ "

ခပ်လွင်လွင်ရယ်သံလေးနဲ့ မျက်စောင်းလေးချီကာ ပြောတော့မှ မျက်ခုံးတွေ ပြေလျော့သွားသူက အကိုရယ်ပါ ။

Dear My Husband🧡Hikayelerin yaşadığı yer. Şimdi keşfedin