ZawGyi
အပိုင်း - ၁၃ : လျှို့ ဝှက် ချက် ။
ခန့်ညီ .. အိပ်ယာနိုးနိုးချင်း အောက်ပိုင်းဆီက(တစ်နည်းအားဖြင့် စအိုဝနားက) စေးကပ်ကပ် ဖြစ်နေတာကြောင့် အတင်းကျုံးထကာ ရေချိုးခန်းဆီ ပြေးဝင်သည် ။ ငုံ့ကြည့်ရန် ဘောင်းဘီချွတ်ခါနီးအချိန်ကျ အံကြိတ်ကာ မဟုတ်ပါစေနဲ့ဉီး ဟု စိတ်ထဲက ကြိတ်ဆုတောင်းနေမိသော်လည်း မခေါ်ပဲ ရောက်ရှိလာပြီ ဖြစ်သော ဧည့်သည် သည် ဘောင်းဘီပြင်တစ်ခုလုံးတွင် နီရဲနေလေပြီ ။
လစဉ်သုံးကလဲ ဝယ်ထားတာ မရှိဘူး .. အမားကို အကူညီ လှမ်းတောင်းဖို့ကလဲ မဖြစ်ဘူး .. ဒီအရွယ်တောင် ရောက်နေပြီလေ .. ကိုယ့်အားကိုယ်ကိုးမြှဖစ်မယ် ။ ဆေးကြောသန့်စင်ပြီးနောက် အနီးနားဆီက store ဆိုင်ပဲ ထွက်ခဲ့လိုက်တော့သည် ။ အချိန်အားဖြင့် စောနေသးတာမို့ အကိုကလဲ အိပ်နေသေးတာရောကြောင့် အသိမပေးပဲ ထွက်ခဲ့သည် ။
ဟုတ်ပါတယ် .. ကျွန်တော်က ယောက်ျားလေးအများစုမှာ ဖြစ်ခဲသော ကိစ္စကို ဖြစ်နေခြင်းပါ ။ (7)တန်း ကျောင်သားတုန်းက ဖြစ်မယ် ထင်တယ် ။အဲ့တုန်းက နေရထိုင်ရတာ အဆင်မပြေတဲ့အပြင် အောက်ပိုင်းဆီက စေးကပ်ကပ်နဲ့ .. အသံကလဲ အနည်းငယ် သြရှရှ ဖြစ်လာတယ် ။ ကြားဖူးနားဝရှိတာက လူပျိုပေါက်ဖြစ်လာပြီဆို ဒါမျိုးဖြစ်တာပဲဆိုတာကြောင့် သတိမမူပဲ နေဖြစ်ခဲ့သည် ။ အဲ့နေ့က နေ့လည်စာ ထမင်းစားချိန်အနားပေးတော့ မုန့်ဈေးတန်းသွားရင်း သူငယ်ချင်းတစ်ယောက်က ..
" ဟျောင့် မင်း ဘောင်းဘီမှာ အနီကွက်တွေ .. "
ပြောလို့ ကိုင်ကြည့်တော့ ကပ်စီးနေတာပဲ .. လက်မှာလဲ ပေသွားတယ် ။ ဘာလုပ်ရမှန်းမသိခင် တွေးမိလိုက်တာက အမားကို ပြောပြဖို့ပဲ ။ အတန်းဆင်းပြီး အိမ်ရောက်လို့ အမားကို ပြောတော့ ဆေးရုံဆီ ရောက်ခဲ့တယ် ။ untrasound ရိုက်တယ် စစ်ဆေးမှုတွေ ပြုလုပ်ပြီး တော့ ထွက်ရှိလာတဲ့ အဖြေက..
" သားဖြစ်သူဆီမှာ သားအိမ်ပါတယ် ဆိုတာ အစ်မလဲ သိပြီးလောက်မှာပါ "'
" ဟုတ်ကဲ့ ကျွန်မ သိထားပါ တယ် "
" အင်း .. ပြောရရင် ဒီကိုကိစ္စတွေက တအားရှားပါတယ် .. ဖြစ်ခဲတယ်ပေါ့နော် .. သားအိမ်ပါတယ် ဆိုတာကြောင့် နားအလည်ရဆုံးပြောရရင် အမျိုးသမိးတွေ လစဉ် ဖြစ်ပေါ်သလို ဒီက သားမှာလဲ ဓမ္မတာ ဖြစ်နေခြင်းပါ "

YOU ARE READING
Dear My Husband🧡
Romancerelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။