ZawGyi
အပိုင်း - ၂၄ : ဗီလိန် ဆန်ကြညျ့ပါ ။
ပုံမှန် မဟုတ်တဲ့ အခြေနေကြား အကိုမှ အနေခက်နေသည် ။ ဝတ္တရားအရ စာသင်ပေးဖို့က ရှိနေတာတစ်ကြောင်း ၊ စာမေးပွဲက သန်ဘက်ခါ ရှိနေသည်က တစ်ကြောင်းကြောင့် မနေ့က ကိစ္စကို မသိကျိုးနွံပြုပြီး လာခဲ့ရပေမဲ့ နေရထိုင်ရတာ မသက်သာ ။
အပြောခံရသည့် ကိုယ်က မနေတတ်မထိုင်တတ်ဖြစ်နေသော်လည်း ထိုကောင်လေးကတော့ ပြုံးလို့ ပျော်လို့ .. ။ စာရှင်းပြရင်လည်း စာမကြည့်ပဲ ကိုယ့်မျက်နှာ ပဲ ကြည့်ပြီး ပြုံးပြုံးပြနေတတ်သေးသည် ။
" မင်း ဒီပုစ္ဆာ တွက်တိုင်း မှားမှားနေတာပဲ ... ငါ ရှင်းပြတာ နားမလည်လို့လား ... ဒီတစ်ခေါက် သေချာကြည့် "
" .................. "
တိတ်ဆိတ်နေတာ မူမမှန်တာကြောင့် သူ့ကို ကြည့်မိချိန် ... ဗုဒ္ဓေါ ကြည့်နေပြန်ပြီ ။ အကြည့်တွေက ရီဝေ ရွှန်းလဲ့ နေကာ ညှို့ဓာတ်တွေ အပြည့်နဲ့ လူကို ဆွဲစားချင်နေသလို ။ အမလေး ... ကြက်သီးမွှေးညှင်းပါ ထပါရဲ့ ။။
ယခု ဘုန်းသွေးခန့်ပုံမှာ မေးထောက်ပြီး အကို့ကို ငေးကြည့်နေတာ ဖြစ်သည် ။ ရုတ်တရက် ... ဟင် .. ။ ဒီတစ်ခါ ပြုံးပြတာ မဟုတ်တော့ မျက်စိတစ်ဖက်မှိတ်ပြပြီး wink လုပ်ပြတာ ဖြစ်သည် ။ ကြညိ့နေမိတဲ့ ကိုယ်ကပဲ အမှား။. အလစ်ငိုက်နေချိန် သူ့ဆွဲဆောင်မှုအောက် ကျရှုံးရန် ဖန်တီးယူသော သူ့ကြောင့် ရင်ထဲ ဘာမှန်းမသိသော လှိုင်းလေးတစ်ခု ဖြတ်သန်းသွားရတာတော့ အမှန် ။
" အဟမ်း ... ဘုန်းသွေးခန့် ... စာကြည့် "
" ကိုကို ကျွန်တော့်ကို ပြန်ချစ်မယ်မလား "
ကိုယ် ပြောတာက တစ်ခြား ၊ သူမေးလိုက်တာက တစ်ခြားပင် ။
" စာကိုပဲ အာရုံစိုက် ဘုန်းသွေးခန့် "
အခွင့်ရေး ပေးရင် ရောင့်တက်တာကြောင့် အသံမာမာ ပြောလိုက်သည် ။
" ကျွန်တော် မေးတာ ဖြေရင် စာကြည့်မယ် "
စာမကြည့်ဘူး ဆိုသည့် သဘောဖြင့် မျက်နှာကိုတစ်ခြမ်းလွဲကာ စပြီးဂျစ်တိုက်တော့သည် ။ ပုံစံက မထုံတထေးနဲ့ ဒီကောင်လေးက တစ်ကယ် မလွယ် ။

YOU ARE READING
Dear My Husband🧡
Romancerelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။