Unicode
အပိုင်း : ၇ - မတူညီသော အပြုအမူလေးများ ။
" ညီ အိပ်ပျော် နေ တာ လား "
ကုတင်ထက် ခြေကားယား လက်ကားယား ဖြင့် မတုတ်မလှုပ် ငြိမ်နေသော ညီသည် အိပ်ပျော် နေ သည် လား ။ ဂျူတီကုတ် မှာလဲ ခုထိ မလဲ ရ သေး ။
" ညီ .. ညီ ...ခန့်ညီ "
"အင့် "
ရေစက်ကလေးများ ကျန်နေသော လက် မှ ရေ လေး များ ဖြင့် မျက်လုံးပေါ် တောက် ချ လိုက် မှ အသံပိစိလေး ထွက် ကာ လှုပ်လာသည် ။ ဒါတောင် မျက်လုံးက ကောင်းကောင်းမပွင့်သေး ။
" အာ .. အကို "
ရေချိုးပြီးခါစ အကိုသည် ခါးအောက်ပိုင်းတွင် ပဝါသာပတ်ထားသည် မို့ ခန္ဓာကိုယ် မှာ အထင်းသား ။
ကျစ်လျစ်ခိုင်မာသော ကြွက်သားများ ပြည့်စုံနေသော ရင်အုပ်ကျယ်ကျယ်ကြီးတွေ ကို မြင်ရစဥ် ခဏ ... တံတွေးတောင် မြိုချမိပါသည် ။အားကစားလိုက်စားသူ ..အကို့မှာ အားကျရလောက်သော six pack များသည်လည်း ဗိုက်သားချပ်ချပ် ကိုယ့်ကို လှောင်ပြောင်နေသလို ။
" ကြည့်လို့ဝရင်လည်း ထ တော့ ညီ ...ရေချိုးတော့ ...ကိုယ် ထမင်းစားခန်းက စောင့်မယ် "
လှဲအိပ်နေရာက ငေးကြည့်နေသော ခန့်ညီကို အကိုက သတိထားမိပုံ ရ၏။
" ဟို .. ကျွန်တော်မကြည့် ... အင်း..ရေ သွားချိုးတော့မယ် "
စကားဆုံးသည်နှင့် ရေချိုးခန်းထဲ ဝင်ပြေးတော့သည် ။ အခန်းထဲ ရောက်မှ ကိုယ့်နှာဖူးကိုယ် တစ်ချက်ရိုက်လ်ုက်ပြီး ...ချီးပဲ အရေးထဲမှ စကားက ထစ်နေသေး ။
"ဆာရင် စားနှင့်ရောပေါ့ အကို .. ညီ နည်းနည်း ကြာသွားတယ် "
ထမင်းစားခန်းတွင် အသင့်ထိုင်စောင့်နေသော အကို့ကို အားနာသည် ။ ရေချိုးတာ ကြာနေသည့် အပြင် အိပ်ယာခင်းသည် ကိုယ့်အနံ့ကြောင့် ညစ်ပတ်သွားတာကြောင့် အိပ်ယာခင်းပါ လဲနေတာ မို့ အချိန်ပိုကုန်သွားခဲ့သည် ။
" အဆင်ပြေပါတယ် ညီ.. အကိုလဲ သိပ်မကြာသေးတာမို့ စောင့်နေလိုက်တာ "

YOU ARE READING
Dear My Husband🧡
Romancerelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။