Unicode
အချပ်ပို - ၁ : Special for Ako & Nyi 💓
လေးနှစ်ခန့် ကြာပြီးနောက် ... ⛄
" ခခလေးရေ ခြံပြင်ထွက်မဆော့ရဘူးနော် "
ယောကျ်ား တစ်ယောက်ရဲ့ စကားသံကို ခြံထဲရှိ မြက်ခင်းပြင်ပေါ်မှာ စက်ဘီးစီးနေတဲ့ သုံးနှစ်သား အရွယ်ကလေးငယ်လေးက ထိုယောကျ်ားကို တစ်ချက်သာ ကြည့်ပြီး ခေါင်းညိမ့်ပြသည် ။ စိတ်ကောက်နေတဲ့ ကလေးမို့ ဘာပြောပြောလဲ နားဝင်မှာ မဟုတ် ။ ဘေးနားကနေ တစ်တွတ်တွတ်ပြောကာ ချော့ချင်ပေမဲ့ အလိုလိုက်ပါများလို့ ကလေးဆိုးလေး ဖြစ်သွားရမှာလဲ စိုးရိမ်ရသေးသည် ။ ဒါကြောင့် အလိုလိုက်သင့်တဲ့ နေရာမှသာ အလိုလိုက်တာ ဖြစ်သည် ။
အကိုကတော့ ထိုသို့ မဟုတ် ။ ကိုယ်က ဆူမယ်ကြံရင် ရှေ့ကာ ကာဆီးကာဆီးနဲ့ ။ အော်ပြောတာ မပြောနဲ့ စိတ်ဆိုးတဲ့ အသံလေးနဲ့တောင် သူ့သားကို ပြောတာ မကြိုက် ။ သား ကိစ္စနဲ့ပဲ စကားများရတာ နေ့တိုင်း တဂျက်ဂျက် ။ ကလေးပီပီ အလိုလိုက်ံခံရတာ ကြိုက်တဲ့ သားက ကိုယ့်ထက် အကို (သူ့ဖေဖေ ) ကို ပိုကပ်သည် ။ သား ကလဲ လိုတာ မရရင် တအားကောက်ရော ၊ ငယ်ငယ် က ကိုယ့်အကျင့်တိုင်း ဆိုပေမဲ့ အမား ကိုယ့်ကို ငယ်ငယ်က ထိန်းခဲ့သလို သားလေးကိုလဲ သွန်သင်ဆုံးမရမှ ဖြစ်မှာ ။
ဒါကြောင့် သားကို အလိုသိပ်မလိုက်တာ ။တစ်ခါတစ်လေ သားအဖနှစ်ယောက် အခန့်မသင့်လို့ ၊ ကိုယ်က သူ့ကို ဆူလိုက်လို့ သူက စိတ်ကောက်သွားပြီဆို ကိုယ်က မချော့ ၊ သူကလဲ အနားကို လာမကပ် ။ ဒါကို အကိုက စသလို နောက်သလိုနဲ့ ... " ကိုယ့်မှာလဲ ကလေးနှစ်ယောက်ကို ရလို့တဲ့ " ။ ကလေးဆန်ရအောင် သူ့သားပဲ လုပ်နေတာကျ သူ ထည့်မပြော .. ဟွန်းးး တစ်ခါတစ်လေကျရင်လည်း အကို့ကိုပါ အမြင်ကတ်တယ် ။
ဒါပေမဲ့ သားက ချစ်စရာလေးပါ ။ ဝဝကစ်ကစ် ၊း အသားဖြူဖြူလေးနဲ့ ကိုယ် ငယ်ငယ်က အတိုင်းပဲ ။ ဒါတွေသာ ကိုယ်နဲ့ တူတာပါ ။ အရပ်ကြီး ရှည်တာ ၊ ခန့်ချောတဲ့ မျက်နှာပေါက် ရှိတာကျ အကိုနဲ့ တစ်ထပ်ထဲ ။ စိတ်ဓာတ်ကတော့ ကိုယ်နဲ့ တစ်ဝက်တူ၊ အကိုနဲ့ တစ်ဝက် တူပါပဲ ။ ဝမ်းနဲ့လွယ်မွေးထားရတဲ့ တစ်ဦးတည်းသော သားလေးမို့ ... သိပ်ချစ်ပါတယ် .. ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးဆိုတဲ့ စကားအတိုင်းပဲ အရမ်းကြီးတော့ အလိုမလိုက်ချင် ။

VOCÊ ESTÁ LENDO
Dear My Husband🧡
Romancerelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။