Unicode
အပိုင်း - ၂၅ : အခေါ်အဝေါ်ကြီးက အူယားစရာ။
ဒီလိုနဲ့ ဘုန်းသွေးခန့် ရဲ့ အတန်းတင် စာမေးပွဲကြီးက အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည် ။ စာမေးပွဲ ဖြေမဲ့ ရက်ထဲက စ ပြီးတဲ့ နေ့ထိ ဘုန်းသွေးခန့် တစ်ယောက် ဖင်တကြွကြွ ။ စာမေးပွဲ ရက်တွေ အတွင်း အကိုက စာမှ အပ ကျန်တာ ဘာမှအမေးမခံ ၊ အပြောမခံ ။
ဒါကြောင့် စာမေးပွဲ ပြီးတဲ့အထိ စောင့်ရတာ စိတ်ပျက်သည် ။ ဖြစ်နိုင်ရင် စောစော မွေးခဲ့သင့်တာဟု ပေါက်ကရတွေ တွေးမိသည် အထိ ။ အကို့ အပေါ် အဲ့လောက်ထိ စွဲလမ်းနေပါပြီ ။
ထူးဆန်းသည်က ... အကို နဲ့ စာမေးပွဲ ပြီးထဲက ဒီနေ့ထိ မတွေ့ဖြစ်ကြ ။ တစ်ပတ် .. တစ်ပတ် တိတိရှိခဲ့ပြီ ။ ကိုယ်က ရှောင်နေတာ မဟုတ်ပဲ အကိုက ရှောင်ပုန်းနေခြင်းပါ ။ အကို့ အိမ် လိုက်သွားလဲ အပြင်သွားသည် ၊ သူငယ်ချင်းအိမ်မှာ စာသွားလုပ်သည် နဲ့ အကို့ကို တွေ့ရဖို့ ခဲယဥ်းခဲ့သည် ။
တကယ် မအားတာလား ... တမင် ရှောင်နေတာလား ... ဆိူတဲ့ လား မေးခွန်းတွေ အပြည့်နဲ့ အတွေးတွေက ချာချာလည်နေပြီ ။ ဖုန်းဆက်ပြန်တော့လည်း ကိုင်ချင်တဲ့ အချိန်မှ ကိုင်သည် ၊ ကိုင်ရင်လဲ မအားလို့ နောက်မှ ပြန်ဆက်လိုက်မယ် ပြောပြီး နေ့တစ်နေ့တောင် ကုန်သွားသည် ၊ အကို့ဆီက ph call က မဝင်ခဲ့ ။
ဒီနေ့တော့ အကိုနဲ့ တွေ့ဖြစ်အောင် တွေ့ရမည် ဆိုတဲ့ စိတ်နဲ့ အကို့ အိမ် ရောက်နေသည် ။ နေ့လည်ထဲက အကို့ အခန်းထဲမှာ စောင့်နေရင်း ... ပျင်းလာတာနဲ့ အကို့ အိပ်ယာထက် အိပ်ပျော်သွားခဲ့သည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာမေးပွဲ နောက်ဆုံးနေ့ထဲကစ ခုထိ ထိုကောင်လေးကို ရှောင်နေခဲ့မိသည် ။ ဘာကြောင့်လဲ ဆိုတာ မသိ ။ သေချာတာက ထိုကောင်လေးက မိမိနဲ့ တွေ့ပါက အချစ်အကြောင်းတွေ ပြောမည် ၊ စကားနိုင်လုမည် ၊ ဂျစ်တိုက်မည် ၊ ခြိမ်းခြောက်ပြီး အဖြေရအောင် တောင်းမည် ။ ထိုသို့သော အကြောင်းပြချက်ကြောင့်ပဲ ဖြစ်လိမ့်မည် ။ ငါ့နှယ် သူ့ကြောက်နေခဲ့ရတာ .. ။
အိမ်လာရှာတာ သိလဲ ရှောင်ပုန်းသည် ၊ ဖုန်းဆက်လဲ မအားဘူး ဆိုပြီး ရွှီးခဲ့သည် ၊ မတွေ့ချင်တာမဟုတ်ပဲ ကြောက်ခဲ့တာ ။

VOUS LISEZ
Dear My Husband🧡
Roman d'amourrelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။