3🧡(ZawGyi)

4.5K 150 0
                                    

ZawGyi

အပိုင်း - ၃ : ရင်ခုန်တိုင်း အချစ်လို့ ခေါင်းစဉ်မတပ်ချင် ။

"အကို အဆင်ပြေရာသာ ရွေးပါ"

မင်္ဂလာဝတ်စုံ စီစဉ်ပေးသော ဆိုင်ကြီးတွင် ဖြစ်၏။

ထို အပြောကြောင့် လေပူတစ်ချက် ထုတ်လိုက်မိသူက ခေတ်နေရောင်။

ခေတ်နေရောင် သူရှေ့တွင် ထိုင်နေသည့် ထိုကောင်လေးအား စိတ်မရှည်ချင်တော့ ။ ဘယ့်နှယ့် ကိုယ် ပြောတိုင်း အကို့သဘော အကို့ သဘောဖြင့်သာ အဆုံးသတ်ပြောသည် ။ စိတ်ဝင်စားမှု မရှိတာကတော့ အမှန်ဖြစ်ပေလိမ့်မည် ။

ရေအား ကောက်မော့ကာ ရှေ့ရှိ မျက်မှန်ဝိုင်းဝိုင်းအောက်က မျက်လွှာချကာ ငြိမ်သက်နေသည့် ထိုကောင်လေး၏ မျက်ဝန်းများကြား အဖြေရှာရန် ကြိုးစားလိုက်သည်။ သို့သော် မျက်ဝန်းများကား ရှာမရ ။

"နေပါဉီး..မေးပါရစေ"

မေးပါ ဟူသော အမူ အရာဖြင့် ခေါင်းမော့ ကြည့်လာမှ...

"ဒီ မင်္ဂလာပွဲ အပေါ် တကယ်ပဲ စိတ်ဝင်စားမှုရှိရဲ့လား.."

အဖြေကား ချက်ချင်းထွက်မလာ။ အနည်းငယ် စဉ်းစားဟန်ပုံစံဖြင့် ခနမျှ တိတ်ဆိတ်ပြီးနောက်....

"အမှန်တိုင်း ပြောရရင်...ညီ ဒီလိုမျိုးစီစဉ်တာတွေကို သိပ်မကျွမ်းလို့ပါ"

ဒါဟာ သွယ်ဝိုက်စကားနည်းတစ်မျိုး ။ သိတယ်မလား စိတ်ဝင်စားပါတယ် ဆိုတာကို မသိစေချင်တာမျိုးပေါ့။ အဟက်..။

"ကိုယ်လဲ မကျွမ်းပါဘူး...ဒါမဲ့ ဒီပွဲက ကိုယ်တို့ နှစ်ယောက်အတွက် အရေးကြီးတဲ့ ပွဲ...ဒါကြောင့် မင်းဘက်က ကြိုးစားပြီး ဝိုင်းကူညီပေးစေချင်တယ်.."

"ကိုယ် တစ်ယောက်ထဲလဲ အဆင်မပြေဘူးလေ...အလုပ်ကတစ်ဖက်..ဒီကိစ္စမှာပါ ကိုယ်တစ်ယောက်ထဲဆိုတော့ နည်းနည်းတော့...အင်းး"

"ညီ နားလည်ပါတယ်...ဒါကြောင့် အကို ပြောပါ ဘယ်လိုဖြစ်စေချင်တာလဲ"

ဒီအခြေနေကြီးက အေးစက်လွန်းနေတယ် မလား ။
ကိုယ်ပြောမှ သိရလောက်တဲ့အထိ ဒီကောင်လေးရဲ့ စိတ်ဝင်စားမှုက နည်းပါးလွန်းတယ် ။

Dear My Husband🧡Tahanan ng mga kuwento. Tumuklas ngayon