ZawGyi
အပိုင်း - 20 : အတိတ်ဆီသို့... ။
လွန်ခဲ့သော စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားသို့ .... 🔙🔙
သူ့နာမည်က ဘုန်းသွေးခန့် ။ ဆယ်တန်းကျောင်းသား ။ သူငယ်ချင်းတစ်ယောက်ရဲ့ ညီဝမ်းကွဲမို့ .. သူငယ်ချင်းက အကူညီ တောင်းတာနဲ့ စာပြပေးဖို့ သဘောတူခဲ့သည် ။ စစတွေ့တုန်းက ဂျစ်ကန်ကန်ကောင်လေး .... စာလုပ်ရမယ်ဆို အသေပျင်းတာ ... ဂိမ်းဆော့ဖို့လောက်ပဲ သိတဲ့ သူ။
ကျူရှင်ပြပေးဖို့ guide ဆရာတွေ ခေါ်ပေးလဲ သူ့ဒဏ်မခံနိုင်တာနဲ့ ထွက်ပြေးကြကုန်တာ ချည်းပဲ ။ ဘယ်ခံနိုင်မလဲ ... သူက စာမလုပ်ရအရေး .. ဖြစ်ချင်တာဖြစ်ဆိုပြီး ဆရာတွေကို အမျိုးမျိုးစနောက်... ဂျစ်တိုက် ... ဆိုးပြတယ် ။ ထို့ကြောင့် သူ့ဒဏ်ဘယ်သူမှ မခံနိုင်ကြ ။ ဒီလို ကောင်းသတင်းမရှိတဲ့ ကောင်လေးကို သူက စာသင်ရမည်တဲ့လေ။ ဟူးး စိတ်လေးတယ် ။
တစ်ပတ်မြောက်နေ့ ..
" ဘုန်းသွေးခန့် .. ဘုန်းသွေးခန့် "
စာပြပေးဖို့ ရောက်နေပြီဖြစ်တဲ့ ကိုယ်က စားပွဲတွင် စာအုပ်တွေ ဖွင့်ထားပြီး အဆင်သင့်ပြီးနေပြီ ဖြစ်သော်လည်း ဖုန်းတစ်လုံးနှင့် ကောင်လေးကတော့ ခုထိ ဂိမ်းတိုက်နေတုန်းမို့ အော်ခေါ်လိုက်သည် ။
" ဟာ ဘာလဲဗျာ "
ဆံပင်ကို တစ်ချက်ဖွပြီး အလိုမကျသည့်ပုံနှင့် ပြန်ထူးလာသည် ။
" အခုက စာလုပ်ချိန်လေ ... မင်း ဒါလေးတောင် မသိဘူးလား "
မာသော အသံသည် လိုတာထက်ပို ကျယ်သွားခဲ့သည် ။
" အားးး ခင်ဗျားကြီးနဲ့တော့ နားကိုညီးနေတာပဲဗျာ "
ကိုယ့်အသံထက် သူ့အသံစူးစူးက ပိုကျယ်သည် ။ ဒီလိုအသံတွေက သူတို့အတွက် မထူးဆန်းတော့တာမို့ ကြားနေရတာ ရိုးနေပြီ ။ အောက်ထပ်က အန်တီမှ အသံတွေကြားသော်လည်း ဝင်မပါခဲ့ရင် အမေနဲ့သား စကားများကြတာနဲ့ .. အိမ်ပြန်ရဖို့သာ သေချာသည် ။ ထို့ကြောင့် အန်တီ့ကို ဝင်မပါပါနှင့်ဟု ပြောထားရသည် ။
" အေ ငါ့အချိန်မှာ စာမလုပ်ဘူးဆိုရင်တော့ .. မင်း အမြဲနားညီးနေမှာပဲ ... လာအခုစာလာလုပ် "

ВЫ ЧИТАЕТЕ
Dear My Husband🧡
Любовные романыrelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။