Unicode
အပိုင်း - ၃၆ : ကျေးဇူးပါ ။
အနမ်းတစ်ခု ။ အမြတ်တနိုးနဲ့ တယုတယ ခြွေမိခဲ့တဲ့ အနမ်းတစ်ခုက ထိုည ထိုနေရာမှာတင် ပြီးဆုံးခဲ့သည် ။
" ဒါ ဘယ်ကိုလဲ အသေးလေး "
အပြင်သွားဖို့ ကားပေါ်တောင် ရောက်နေပြီဖြစ်တဲ့ ခန့်ကို ဂျွန်မှ ကားတံခါးပေါက်မှ လက်ထောက်ကာ မေးခွန်းထုတ်လိုက်ခြင်းပါ ။
" အလုပ်ကိစ္စရှိ လို့ ဂျွန် ... နောက်ကျမယ်ထင်တယ် .. ညစာအရင်စားနှင့် ဂျွန် "
" ဒီအချိန်ကြီး ဘယ်က အလုပ်ကိစ္စလဲ "
မှောင်ရီစ အနည်းငယ်သာရှိသေးတဲ့ အချိန်မို့ သိပ်လဲ နောက်မကျသေးပါ ။ ဂျွန်တို့များ စိုးရိမ်စိတ်က သိပ်ပိုပါ့ ။
" ပြန်လာမှ ပြောပြမယ် ဂျွန် ... ခု အရေးကြီးနေလို့ "
" ဂျွန် လဲ လိုက်မယ် "
ပုတ်သင်ညိုလေး တစ်ကောင်လို အမြဲ ဘာပြောပြော ခေါင်းညိတ်တဲ့ ဂျွန်က ဒီတစ်ခါတော့ စိတ်အရောင်တွေပြောင်းပြီး ဘာဖြစ်နေသည်မသိ ... ကားထဲ ဝင်ထိုင်နေပြီ ။
" ဂျွန် ... မဆိုးနဲ့ကွာ "
" ဆိုးတာ မဟုတ်ဘူး စိတ်ပူတာ .. ခုမှ ပူပူနွေးနွေး မြန်မာပြည် ရောက်ခါစ ရှိသေး .. အနားမယူပဲ ချက်ချင်းအလုပ်တန်းသွားမယ်ဆိုတော့ ... မတော်လို့ လမ်းမှာ တစ်ခုခုဖြစ်သွားရင် ဂျွန်ပဲ ရင်ကျိုးရမှာ .. ဒါကြောင့် စိတ်မချဘူး "
ထိုင်ခုံခါးပတ်တွေတပ်ပြီး လက်ပိုက်ကာ ဆရာကြီးစတိုင်လို တစ်ခွန်းချင်းပြောနေတဲ့ ဂျွန်က တကယ့်ကလေးဆိုးကြီး ။ ခေါင်းကို တစ်ချက်လောက် ခေါက်လိုက်ချင်ပေမဲ့ .. ချစ်တတ်တဲ့ နှလုံးသားက နာကျင်သွားလိမ့်မယ်ဆိုတဲ့ အတွေးကို ဦးနှောက်ထဲ အရောက်ပို့တာမို့ နှလုံးသား အလိုကျ လိုက်မိသည် ။
" ဟုတ်ပါပြီ ကိုယ်တော်ချောလေးရေ .. ကျွန်တော်မျိုးလဲ ချိန်းထားတဲ့ဆီ မသွားတော့မှာမို့ အိမ်ထဲပဲဝင်ပြီး နားရအောင်နော် "
" အဲ့လို အစောကြီးထဲက လိမ်မာရင်ပြီးနေတာကို "
" ကဲ .. ဒီကလေးတော့ .. အကြီးကို စကားပြောပုံကိုက ... အပြစ်ပေးမှ ရတော့မယ် ထင်တယ် "

YOU ARE READING
Dear My Husband🧡
Romancerelationship တစ်ခုမှာ ပထမလူ ပြန်ပေါ်လာရင် တတိယလူက နောက်ဆုတ်ရစမြဲဆိုသည့် အမှားကြီးကို ညီ့အချစ်တွေနဲ့ သက်သေပြသွားမယ် အကို ။