surprise gift 🎀(Uni)

3.8K 128 0
                                    

သူခိုးကြီးည .. 👬

" ကလေးတွေ ငရဲမီးဆော့ကြမယ်ဟေ့ "

" ရေ့ရေ့ ဆော့ကြမယ် "

ကျွန်တော့် ဆော်သြသံအဆုံး ကလေးတွေ တသီတသန်းက ကျွန်တော့်နား ရောက်လာကြသည် ။ စဆော့ဖို့ မီးဖိုလေးပြင်နေချိန် ခြေတံရှည်တစ်စုံက မျက်စိရှေ့ရောက်လာတာမို့ မော့ကြည့်မိတော့ အကို ။ မြို့ကြီးပြကြီးမှာ အလုပ်လုပ်နေတဲ့ အကိုက တန်ဆောင်တိုင် ပိတ်ရက်မို့ အလည်ပြန်လာသည်တဲ့လေ ။ သိဆို အကိုက ကျွန်တော် တိတ်တဆိုး သဘောကျရတဲ့ သူကြီးပေါ့ဗျာ ။

"အသက်ကဖြင့် ကြီးနေပြီ ကလေးတွေ ကြားထဲ ဝင်ဆော့နေတုန်းပဲလား "

ပွပွလေးဖြစ်နေတဲ့ ဆံပင်လေးတွေကို လက်နဲ့ဖွကာ ကျီစယ်လာတဲ့ အကို့လက်နွေးနွေးနဲ့ ထိတွေ့ရလိုက်ချိန် ရင်ခွင်တံခါးဆီမှ နှလုံးသားက သံပတ်ပေးထားတဲ့ နာရီလက်တံတွေလို တဒုတ်ဒုတ်နဲ့ ခုန်လှုပ်လာလေရဲ့ ။

ခင်ဗျား အပူပါလားလို့ ပြန်ပြောတော့ သဘောတကျပြုံးနေတဲ့ အကိုက နာရကောင်းမှန်း မသိတာလား ။ နှုတ်ထွက်က ကြမ်းပေမဲ့ အကို မမြင်အောင် ပြုံးနေမိတာကိုတော့ ကျွန်တော်ကလွဲ ဘယ်သူမှ သိမယ်မထင် ။

" ကိုယ့် အပူတော့ မပါဘူးပေါ့ ... မင်းအတွက် ပြောနေတာ "

" မလိုပါဘူး "

ဘုစက်စက် ပြန်ပြောတော့လဲ ပြုံးပြလာပြန်ရော ။ ပြုံးလိုက်တိုင်း ချိုင့်ဝင်သွားတတ်တဲ့ ပါးချိုင့်ကြီးထဲ ခိုဝင်နေချင်လိုက်တာ လို့ ပြောရင် အကို ရယ်လေမလား ။

" ဟိုနားက ကမ်းစပ်နားသွားကြမလား .. မီးပုံးလွှတ်တာ.. တူတူသွားကြည့်ရအောင် "

" ဒီမှာ ဆော့နေတယ်လေ "

crush ကြီးက ရေလာမြောင်းပေး ပြောလာပေမဲ့လဲ ချက်ချင်းလက်ခံလိုက်ရင် လွယ်သွားလိမ့်မယ် ဆိုတဲ့ မာနက တင်းခံတာကြောင့် ခပ်ပေါ့ပေါ့ပဲ ငြင်းလိုက်သည် ။ ခုန်ပေါက်မတတ် ပျော်နေမိတာကိုတော့ အကို သိပါစေလေ ။

" လာပါ ... သိပ်မကြာပါဘူး "

ကိုဇွဲကောင်းက မရမက ခေါ်နေတာကြောင့် ကလေးတွေ ပစ်ပြီး သူခေါ်ဆောင်ရာ ကမ်းစပ်နားက ထိုင်ခုံလေးဆီ ရောက်ခဲ့သည် ။

ကောင်းကင်ပေါ်မှ လှပတဲ့ မီးပုံးတွေကြည့်ပြီး သဘောတကျပြုံးနေမိတဲ့ ကျွန်တော့်ကို တစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားရတာကြောင့် ခေါင်းစောင်းကြည့်မိတော့ အကိုက သူ့အကြည့်တွေကို မီးပုံးတွေဆီ ပို့ခဲ့သည် ။

လျှပ်တစ်ပြက်မြင်မိလိုက်ပေမဲ့ မယုတ်မှလွှဲ အကိုက ငါ့များကြည့်လေသလား ။ ကျီစယ်ကာ တိုက်ခတ်လာတဲ့ လေအေးနုနုနဲ့ အတူ နားရွက်ဖျားတွေကလဲ ပူရှိန်းရှိန်းဖြစ်လာသည်ကို ခံစားလိုက်ရသည် ။

" မီးပုံးတွေက သိပ်လှတာပဲ "

" အင်း "

ဒါပေါ့ ... သိပ်လှတယ် ...။ ယောကျ်ားဆန်ဆန်ချောမောတဲ့ အကို့မျက်နှာချောချောနဲ့ ယှဥ်ရင်တော့ မီးပုံးတွေက ပါမွှားလေးပါပဲ ။

" သူခိူးကြီးညမှာ ရပ်ကွက်ထဲ ပတ်မွှေဖို့ မစဥ်းစားနဲ့နော် ... လူကြီးတွေ စိတ်ပူနေမယ် "

" ခင်ဗျားကရော "

" အင်း ကိုယ်ရောပဲပေါ့ "

ချစ်စိတ်တွေ ထုံမွှန်းနေတဲ့ ကျွန်တော်က မဖြစ်စလောက်လေးရှိတဲ့ အကို့ ဂရုစိုက်မှုလေးနဲ့တင် ချစ်ရကျိုးနပ်နေရပါပြီ ။ မျက်ဝန်းတွေမှ တစ်ဆင့် ဟိုးအနက်ရှိုင်းဆုံးနေရာမှာ ရှိနေတဲ့ နှလုံးသားထဲမှ အချစ်တွေကို အကိုတစ်ယောက် မြင်နိုင်ပါစေ ။

" ကျွန်တော် လာခိုးရင် လိုက်မှာလား "

မရဲတရဲ ပြောမိတဲ့ စကားအဆုံး " စကားသိပ်တတ်တဲ့ ကောင်လေးပဲ " ဆိုပြီး ဖောင်းအစ်နေတဲ့ ကျွန်တော့် ပါးတစ်ဖက်ကို ခပ်ဖွဖွ ညှစ်ပြီး ပြုံးပြလာသည် ။ ထိုအပြုံးတွေထဲမှာ ကျွန်တော့်အတွက် အချစ်ဆိုတာလေးရော ပါလေမလား အကို ။ ဒါကိုတော့ မမေးဖြစ် ... ရက်ရက်ရောရောနဲ့ အကို ပြောလာမဲ့ နေ့အထိ စောင့်နေမယ် ။

ပြုံးပြနိုင်လွန်းသူကြီးရေ ...အကယ်၍ သူခိုးကြီးညမှာ ကျွန်တော် ခိုးပြေးခွင့်ရခဲ့တဲ့ သူက အကိုသာ ဆိုရင် ပျော်ပျော်ကြီး သေလို့ရပါပြီဗျာ..❤️

❣️ 29 . 11 . 2020 ❣️

#စိတ်ကူးပေါ်လာတာနဲ့😁 သိပ်တော့ မကောင်းဘူး .. သည်းခံဖတ်ပေးပါနော်🤗

Dear My Husband🧡Where stories live. Discover now