18🧡(Zaw)🔞

3.3K 85 1
                                    

Warning🔞🔥🔥

ZawGyi

အပိုင်း - ၁၇ : ပေါင်းစပ်မိသော ချစ်ခြင်းနှစ်ခု ။

" ညီ ကိုယ့်ကို ခွင့်ပြုပေးပါလား "

တိတ်ဆိတ်ကာ အေးချမ်းနေသာ ညခင်းအချိန်တွင် လမင်းကြီးက လှပစွာ ထိန်ထိန်သာလျှက်ရှိနေသည် ။ လူအများစု အိပ်ချိန် ဖြစ်သောကြောင့် လမ်းမတစ်လျှောက် ... လျှောက်သွားနေကြတဲ့ သူတွေ ကင်းရှင်းနေချိန်လဲ ဖြစ်သည် ။ ထိုသို့ တိတ်ဆိတ်မှုကြောင့် ကျေးငှက်ကလေးများ၏ ပိကျိပိကျိ အသံလေးတွေသည် အခန်းရှိ လူနှစ်ဉီးအား အတင်း​စကားပြောနေသလို ဖြစ်နေသည် ။

" ဒါမဲ့ ညီကြောက်တယ် "

" ကိုယ် ဂရုစိုက်မှာပါနော် "

အနမ်းရှည်ကြာတစ်ခုကို ဖန်တီးပြီးနောက် အပြာနုရောင်မွေ့ယာထက် အကိုက ညီ့အပေါ်  အုပ်မိုးကာ ခွင့်တောင်းနေခြင်းဖြစ်သည် ။ ညီ့၏ နှုတ်ခမ်းလေးတွေ တုန်ယင်ကာကြောက်ရွံ့မှုသည် ပြတင်းပေါက်ဆီမှ ဝင်ရောက်လာသော လရောင်ဖျဖျအောက် ထင်ရှားနေတာမို့ ရပ်ပစ်ချင်လိုက်သော်လည်း တစ်ချိန်မဟုတ် တစ်ချိန် ကျော်ဖြတ်ရမှာပဲမို့ ဒီညတွင် ဖြစ်လိုက်ချင်သည် ။

အဖြူထည် သက်သက် ကောင်ငယ်လေးကို အကြောင်းမဲ့သက်သက် အရောင်ဆိုးဖို့ အကိုက မရည်ရွယ်ထား ။ ဒီကောင်ငယ်လေးရဲ့ ကိုယ်လေးကို ထိတွေ့လိုက်တာနဲ့ လိုချင်တက်မက်စိတ်တွေသည် ထိန်းမရတာမို့  ဒီညကတော့ ရကိုရမြှဖစ်မည် ။ အကို့ အနမ်းတွေကြောင့် ညီ့လည်ပင်းသားတွေတွင် နီညိုရောင် အကွက်လေးတွေက များပြားစွာ လှပနေတာမို့ ထိုအရာလေးတွေ တွေ့တိုင်း ညီဘွားသည် ထထတုန်သည် ။

" ညီ "

" ....... "

တိတ်ဆိတ်နေသာ ညီက အတော်ကို စဉ်းစားနေရသည့်ပုံ ။

" ညီ ... အဆင်မပြေလဲ အကို .. ကိုယ့်ဘာသာပဲ .. ကိုယ် "

" အကို "

" အွင့် "

ညီ့ပေါ်က ဖယ်ရန်ပြင်လိုက်သော်လည်း ညီက အကို့ခေါင်းကို ပြန်ထိန်းကာ နမ်းရှိုက်လာသည် ။ မနမ်းတတ်နမ်းတတ်ဖြစ်နေသော ကောင်ငယ်လေးကို အကိုကသာ ဉီးဆောင်ပြန်နမ်းရသည် ။ ညီ့သွားလေးတွေက တစ်ချက်တစ်ချက် ဖွဖွကိုက်လာတာမို့ သဘောကျမိသည် ။ တခဏကြာ ရင်ဘတ်ဆီ တွန်းလာတာမို့ အကိုက ရပ်လိုက်သည် ။

Dear My Husband🧡Where stories live. Discover now