1🧡(Uni&Zaw)

21K 669 3
                                    

Unicode

အပိုင်း-၁ : နားမလည်နိုင်သော စကားစုများ။

***🍄***

"သား လက်မခံနိုင်ဘူး အမား."

"လက်မခံနိုင်လဲ ဒါ အမှန်ပဲ သား."

"ဟင့်အင်း...ဘယ်လိုဖြစ်နိုင်မှာလဲ."

ခန့်ညီသစ် နားမလည်နိုင်စွာ ခေါင်းသာ အသွင်သွင်ခါရင်း ထိုင်နေရာမှ မတ်တပ်ရပ်ကာ အသံသည် လိုအပ်တာထက်ပိုကျယ်စွာ အမား အား တုံ့ပြန်မိ၏။

"ဘာကို မဖြစ်နိုင်ရမှာလဲ သား..ယောကျ်ား မိန်းမပဲ ယူရမဲ့ ခေတ်ဆိုတာ ကျန်ခဲ့ပြီ."

ဒေါ်သိမ့်သိမ့်မိုး သား ဖြစ်သူ၏စကားအား ထိုင်နေရင်းမှ ပြန်လည်ချေပလိုက်သည်။

"ဒါပေမဲ့."

"လက်ခံပေးပါ သား."

ဆက်​ပြောလာမည့် စကားများကို အမားက ကြိုပိတ်ထား၏။

"သား စဥ်းစား ပါရစေ."

"အင်း သား ဒီတစ်ပတ် စဥ်းစားခွင့်ရှိတယ်..ေနာက်တစ်ပတ်ထဲမှာ စေ့စပ်ပွဲ ဖြစ်မယ် သား."

"အမား..!"

ရုတ်တရက် ကျယ်လောင်သွားသော အသံ။

"မစောလွန်းဘူးလား...သား လက်ခံလက်မခံကိုရော မတွေးပေးတော့ဘူးလား."

"ဘာအတွက် စဥ်းစားမှာလဲ သား..သားလဲ မောင်ခေတ်နေရောင်တို့ မိသားစုအကြောင်း သိပြီးနေပြီပဲ..အမားကတော့ ရလာတဲ့ အခွင့်အရေးကို တွေဝေခြင်းမရှိဘဲ လက်ခံစေချင်တယ် သား.."

"သား ကျောင်းပြီးတဲ့ အထိတော့ အချိန်ယူချင်သေးတယ် အမား."

"မဖြစ်ဘူး သား မသံသာတို့ဘက်က အမြန်စီစဥ်ချင်နေတာ..အဓိကက သားသာ ခေါင်းညိမ့်လိုက်ရင် အကုန်အဆင်ပြေသွားမှာ...လက်ထပ်ပြီးမှ ကျောင်းဆက်တက်လဲ ရတာပဲလေ."

"ဒါပေမဲ့ အမားရယ် သားဘက်ကိုလဲ.."

"သားအတွက်ပါ သား...အမား ဒီလိုတွေ စီစဥ်ရတာ သားအတွက်ချည်းပဲ...ဒီတော့ သားမငြင်းပဲသာ လက်ခံပါ...အမား မသံသာတို့ဆီ လက်ခံကြောင်း သွားပြောလိုက်တော့မယ်."

ထိုမျှသာ ပြောပြီး အမားက ထွက်သွားချေပြီ။

ဒီအခြေအနေကြီးကို သူ ဘယ်လို ကျော်လွှားရမည်နည်း။ ဒီတစ်ပတ်လုံး အမားဆီက ကြားနေရသော စကားတွေ။ အမားကိုလဲ နားမလည်နိုင်။ ဘာကြောင့်များ ယောကျ်ားပေးစားချင်ရသည်နည်း။ အမား အကြောင်းပြချက်ကတော့ ရှင်းပါသည်။ သား ရှေ့ရေးအတွက်တဲ့။

Dear My Husband🧡Hikayelerin yaşadığı yer. Şimdi keşfedin