9🧡(Zaw)

2.6K 114 2
                                    

ZawGyi

အပိုင်း - ၉ : အချစ်တို့ ဖြစ်ပေါ်ရန် အစပြုချိန် ။

အလုပ်က ပြန်ရောက်ပြီး အခန်းထဲဝင်ချိန်တွင် ကုတင်ပေါ်တွင် ကျောပိုးအိတ်တစ်အိတ်သည် ဖောင်းပြည့်နေသည်ကို တွေ့ရသည် ။

ဘာအထုပ်ပါလိမ့် .. ညီ့ အထုပ်လား ။ ညီက ဘယ်သွားစရာရှိလို့များလဲ ။ အနားသွားကာ ​ကျောပိုးအိတ်ဇစ်ကို ဖွင့်လိုက်တော့ .. အဝတ်အစားတွေ အပြည့် ။ သေချာသည် .. ညီ့အဝတ်တွေ ။

အလျင်အမြန်အောက်ပြန်ဆင်းကာ ညီ့ကို ဝေ့ဝဲ ရှာသည် ။ ဧည့်ခန်း၌ မုန့်ထုပ်တွေ အပြည့်ခင်းကာ TV ကြည့်ရင်း ဇိမ်ကျနေသော ညီ့ကို တွေ့လိုက်ရသည် ။ ညီ့ဘေးနား လွတ်နေတဲ့ နေရာ ဝင်ထိုင်ရင်း မေးလိုက်သည် ။ ညီသည် အကိုရောက်လာသည်ကို မသိပဲ TV ၌သာ စိတ်ရောက်နေသည် ။

" ညီ .. အိပ်ခန်းထဲမှာ အထုပ်တွေ့လို့ ... ခရီးထွက်မို့လား "

အနားက အကို့ခေါ်သံကြားမှ အကိုနှင့် မျက်နှာချင်းဆိုင်လိုက်သည် ။ လက်ထဲက မုန့်ကိုတော့ ပါးစပ်ထဲ အစားမပြတ် ။

" ဟင် အကို ... ခရီးသွားမလို့ မဟုတ်ဘူး .. အမားဆီပဲ သွားမို့ပါ .. "

" ဒါမဲ့ အဝတ်အစားတွေက အများကြီးလေ "

" အော် အာ့က ... ညီနဲ့ မတော်တော့တာမို့ လမ်းထဲက ကလေးတွေကို ပေးမို့ ထည့်ထားတာ "

" သြော် "

ခုမှပဲ စိတ်အေးရတော့တယ် ။

" ဘာဖြစ်လို့လဲ အကိုရဲ့ .. အကို ကြည့်ရတာလဲ အရေးကြီး သုတ်ပြာနဲ့ .. ရေချိုးပြီးမှ မေးလဲရတာကို "

" ဟို .. ကိုယ် က ညီ သွားရမယ်ဆို ညနေလဲ စောင်းတော့မယ်လေ .. အာ့ကြောင့် စိတ်မချလို့ "

" ညီက အကို မမေးလဲ ပြောပြမို့ပါနော် .. "

" အာ့ဆို ခနစောင့်ဉီးနော် .. ကိုယ် လိုက်ပို့မယ် "

" ဟုတ် အေးဆေးသာလုပ် အကို "

" Ok ဗျာ "

...............................................................။

" အကို အိမ်ထဲဝင်ဉီးမယ် မလား "

" အင်း ဝင်မယ်လေ .. မေမေ့ကိုလဲ နှုတ်ဆက်ရမယ် "

Dear My Husband🧡Donde viven las historias. Descúbrelo ahora