23🧡(Zaw)

2.1K 65 0
                                    

ZawGyi

အပိုင်း - ၂၃ : အချစ် မဟုတ်တဲ့ သံယောဇဉ် ။

" ကိုကို "

သူ အလွတ်ရေးထားသည့် စာတွေကို စစ်ပေးနေရင်းမှ အနားကနေ ကောက်ခါငင်ကာ ထခေါ်လာတာဖြစ်သည် ။ ဒီကောင်လေး .. တကယ်ဘာဖြစ်နေတာပါလိမ့် ။

" အင်း "

စာစစ်နေရင်းမှ ပြန်ထူးလိုက်သည့် အသံ ။

" ပြောစရာရှိတယ် "

"............."

" ကျွန်တော့်ကို ကြည့် "

ပြောဆိုသည့် သဘောဖြင့် မေးငေါ့ကာ အဖြေပေးလိုက်သော်လည်း စိတ်ဝင်တစား ပြန်ပြောလာသူလေး ။

" ငါ စာစစ်နေတယ်လေ "

ယခု ကိုကို စာစစ်နေတဲ့ ပုံကလေ သိပ်ကြည့်ကောင်းတာပဲ ။ မျက်တောင် ကော့ကော့ လေးတွေအောက်က စူးရှတောက်ပ လွန်းတဲ့ မျက်လုံးတွေနဲ့ စိတ်ဝင်တစား စာတွေကို ကြည့်နေသည့် ပုံနဲ့ ကျွန်တော့်ကိုသာ ကြည့်နေတာသာခံရရင် .. တကယ် ... ကျွန်တော်တော့လေ အရည် ပျော်ကျသွားမလားပဲ ။

" ခနပဲကို "

" အင်းအင်း ပြော "

နောက်ဆုံးတော့လဲ ကိုယ်ပဲ အရှုံးပေးကာ ထိုကောင်လေးကို ကြည့်ရတော့သည် ။ ထိုအခါမှ သွားလေး ဖြီးပြပြီး သဘောတကျ ပြုံးပြတော့သည် ။ တတ်လဲနိုင်တတ်နိုင်တဲ့ ကောင်လေး ။

" ချစ်ဖို့ကောင်းတယ် "

ပြုံးနေရင်းမှ ထွက်ပေါ်လာတဲ့ ထိုစကားက ဘာရယ်မဟုတ်ပဲ လူတစ်ကိုယ်လုံးကို တုန်တက်စေသည် ။

"  အဟမ်း ... ကဲ ပြော ... "

" ကိုကို ရှက်နေတာလား "

" ဘာရယ် ငါက ဘာလို့ရှက်ရ ... အွတ် "

ရုတ်တရက်  နှုတ်ခမ်းသားတွေ ပေါ်  ထိကပ်လာတဲ့ ... အိစက်နူးညံ့တဲ့ နှုတ်ခမ်းပါးလေး တစ်စုံ ။ ပထမဆုံး ထိတွေ့ခံရခြင်းကြောင့် ပဲလား မသိ .... လည်ပတ်နေတဲ့ သွေးတွေတောင် ရပ်ကုန်သလိုပင် ။ မျက်လုံးအစုံ ပြူးကျယ်ကာ တောင့်တောင့်ကြီးနဲ့ပဲ ကြောင်အနေမိတော့သည် ။

စက္ကန့်ပိုင်းလေးမျှ ထိကပ်ပြီးနောက်မှာတော့ ပထမဆုံး အနမ်းလေး ပြီးဆုံးခဲ့သည် ။ သူ့စိတ်ကြိုက် ပြုမူပြီးတဲ့ ကောင်လေးက ကိုယ့်ကို ကျီစယ်နေသလိုလေးနဲ့ သွားဖြီးပြနေသည် ။

Dear My Husband🧡Hikayelerin yaşadığı yer. Şimdi keşfedin