🧸 1 🧸

5.2K 242 22
                                    

"မားရေ !!!!!!!!!! "

ပြဲလန်နေသောအသံဖြင့်အော်ဟစ်၍ဝင်ပြေးလာသောသားတော်မောင်ကြောင့်မီးဖိုချောင်းထဲတွင်ထမင်းချက်နေရင်းနဲ့အလန့်တကြားထွက်ပြေးလာမိသည်။

"ဘုရားရေ ဘာဖြစ်လာတာလဲသားဘာဖြစ်လို့လဲ "

မိခင်ဖြင့်သူမှအလန့်တကြားဖြင့်မေးလိုက်တော့

"ဟီးဟီး သားစာမေးပွဲပြီးသွားပြီလို့ ဟိဟိ "

သွားကြီးကိုဖြီးပြ၍ တဟိဟိ နဲ့ပြန်ပြောလာသော သူ၏ဝမ်းနာသားလေးကို ချစ်လွန်းလို့လက်ထဲတွင်ကိုင်ထားသောဟင်ခတ်ဇွန်းဖြင့်
' ဂေါက် 'ခနဲမြည်အောင်ခေါင်းကိုပေးကျွေးလိုက်သည်။

"အားသေပါပြီး မားဘာလို့ခေါက်တာလဲ "

နာသွားသောခေါင်းကိုပွတ်၍သူ့အမေကိုဆူပုတ်ပုတ်ဖြင့်ပြန်ပြောတော့

"ခေါက်မှာပဲ့ နင့်ဘာသာနင် စာမေးပွဲပြီးတာကို သေမလို့အော်ပြီးဝင်လာရလား ဟဲ့ !!"

အမေဖြစ်သူမှပြန်အော်ပြောသောကြောင့်သူမှာမျက်နှာလေးကိုဖြီးပြီး

" ဟိဟိ မားကလည်းကွာ သားကပျော်လို့ပါဆို ဒီစာမေးပွဲကြီးပြီးဖို့ကို သားဘယ်လောက်တောင် စောင့်လိုက်ရလဲဆိုတာကို မား လည်းသိရဲ့သားနဲ့ "

လို့နှုတ်ခမ်းလေးဆူပြီးပြန်ပြောတော့
"မသိဘူး "
ဆိုပြီးအောင့်အောင့်ဆောင့်ဆောင့်ပြန်ပြောလေသည် ။

"မား ~~~ "

ရုံပတီသီးပက်ကျိ တက်နေတဲ့အသံးနဲ့ခေါ်လေတော့

" ဘာလဲ "

"သားကိုချစ်ဖူးလားဆို "

"ချစ်ဘူး "

"ချစ်ဘူးဆို မုန့်ဖိုးပေး "

" ပေးဘူး "

"မားနော် ပါးနဲ့တိုင်ပြောမယ် ကြည့်ထား "

"အမယ် တိုင်ပါ တိုင်ပါ ငါ ကနင့်ပါး ကိုအရမ်းကြောက်တယ်ဆိုတော့လည်းလေ "

အမေဖြစ်သူမှမျက်စောင်းထိုးပြီးပြန်ပြောသောကြောင့် သူမှာရီကျဲကျဲဖြင့်ပြန်ချွဲရလေသည်။အဲတာမှပဲ့သူမုန့်ဖိုးရမှာလေနော်

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Where stories live. Discover now