Univertsy of Sport (Seoul)တက္ကသိုလ် ရဲ့basket ballပြိုင်ပွဲ...
တရားဝင်ပြိုင်ပွဲမဟုတ်...
နှစ်အဆက်ဆက်ရဲ့ရန်သူတော်၂ယောက်ဖြစ်ကြတဲ့ Min Yoongi နဲ့ Jeon Jungkook ကတစ်ဖက်အသင်းတွေရဲ့ခေါင်းဆောင်
ရေကူး လက်ပစ်ဘော အလေးမ Tennis.. ရှိသမျှမေဂျာအကုန်လုံးကကျာင်းသားတွေကBasket ballကွင်းထဲမှာရောက်နေတယ်
လောင်းကြေးကJeon Jungkook ရဲ့ရည်းစားပေါင်းသောင်းခြောက်ထောင်ထဲက အချောလေးKim Taehyungတဲ့...
လွန်ခဲ့သော2နာရီခန့်
basket ballလေ့ကျင့်ရေးကွင်းထဲအရင်ရောက်နှင့်နေသောSugaတို့အဖွဲ့စီကို တစ်ခြားအသင်းသားများ ချဉ်းကပ်လာသည်
"Min Suga ငါတို့လေ့ကျင့်ရမယ့် အလှည့်ရောက်ပြီ ဖယ်ပေး"
အသားဖြူဖြူ နှုတ်ခမ်းပါးပါးနဲ့လူကောင်သေးသေးSugaကနှုတ်ခမ်းတစ်ဖက်ကိုမဲ့ကာ ဘောလုံးကို၁ချက် ၂ချက်ပုတ်ပြီး ပြောသည်
"မဖယ်တော့ မင်းကဘာလုပ်ချင်လဲ"
"ကောင်းကောင်းပြောနေတယ်နော်"
"စီနီယာကိုလေးစားမှပေါ့ Jungkookie ရဲ့"
Jungkookအနားကိုကပ်ကာ ရင်ဘက်ကိုလက်ညိုးနဲ့ဆောင့်တွန်းသည်
လူကောင်ချင်းအကွာကြီးဖြစ်ကာ အဲ့လောက်လေးကစာမဖွဲ့သော်လည်း လူတွေရှေ့ကိုအရှက်ခွဲနေခြင်းဖြစ်တာကြောင့် ဒေါသကထောင်းခနဲ
ရင်ဘတ်ကိုဝုန်းခနဲဆောင့်ဆွဲလိုက်တော့အခြားလူတွေကဝင်ဆွဲသည်
sugaကတော့မဲ့ပြုံးပြုံးလျက် အေးအေးလူလူပါပဲ
Jungkookဘေးက Taehyungလေးက တောင့်ခနဲဖြစ်သွားကာ သူတို့ကြားထဲဝင်မပါရဲ
"ဒီလိုလုပ်မလား ၂ယောက်လုံးလေ့ကျင့်ပြီးသားရသွားအောင် ၁ပွဲလောက်ပြိုင်မယ်လေ"
အသင်းခေါင်းဆောင်၂ယောက်ဖြစ်တာကတစ်ကြောင်း လက်ရည်လဲမကွာတာကတစ်ကြောင်း အကုန်လုံးကစိတ်ဝင်တစားကြည့်နေကြသည်
"ပြိုင်မယ်"
"လောင်းကြေးက?"
"မင်းကြိုက်တာပြော"