လှေကားကနေဆင်းလာတဲ့ သူ့လှမ်းမြင်လိုက်ရသည် အဝေးကနေတောင် ညိုးနွမ်းနေတဲ့ မျက်နှာလေးကို မြင်လိုက်ရသည် ကားပေါ်ရောက်တဲ့အထိ သူဘာမှမပြော
"ယောင်းလေး မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာလဲ"
"ကျနော်ပင်ပန်းနေလို့ပါ.."
"ခဏမှေးနေလေ ကိုယ်အိမ်ရောက်ရင်ပြောမယ်"
ရုတ်တရက် ကျနော့်လက်ပေါ်ကိုအုပ်ကိုင်လာတဲ့ သူ့လက်ရှည်ရှည်လေးတွေ
"Min... "
ကျနော့်လက်ဖမိုးကို အသာပွတ်သပ်သည်
"ကောင်လေး ဘာဖြစ်လို့လဲ နေမကောင်းနေတာလား"
ဒါကိုပြောပြလိုက်ရင် Min စိတ်ညစ်သွားမှာပဲ
"သမီးကိုလွမ်းနေပြီ"
"ကိုယ်ရောပဲ"
အိမ်ရောက်တော့ Kimgi ကို အာပြဲကြီးနဲ့အော်ခေါ်သည်
"Aigoo aigoo ဒီကိုလာခဲ့ သမီးလေး..."
သမီးနဲ့သာမြင်ရတတ်တဲ့Minရဲ့ချစ်စနိုးအမူအယာတချို့ကိုပြုလုပ်နေတဲ့ သူ
သူတို့သားအဖကိုကြည့်ရင်း ကြည်နူးပြုံး ပြုံးနေမိသည် phထဲကိုဝင်လာတဲ့message
'အောက်ကိုဆင်းလာခဲ့ မင်းမလာရင် ငါတက်လာမယ်'
Jungkook?
"Min ကျနော်အောက်ခဏဆင်းအုံးမယ်"
သမီးနဲ့ဆော့နေတဲ့Minက လှမ်းပြောသည်
"အင်း"
မြေအောက်ထပ်ကကားပါကင်ကနေကားတစ်စီးကမီးအဖွင့်အပိတ်လုပ်ပြီးအချက်ပြသည်
အနောက်ခန်းကတံခါးကိုဖွင့်ဝင်လိုက်တော့ ထငိထားတံဍဲ့အတိုင်း Jungkook
"မင်းဘာလုပ်နေတာလဲ Minသာသိရင်-"
ပါးစောင်ကိုဆွဲညစ်လာတဲ့လက်တွေ
"မင်းပါးစပ်ကMinဆိုတာထပ်ထွက်မလာနဲ့Taehyung!"
ကျနော့်ကိုသူ့ပေါင်ကြားထဲထည့်ကာအုပ်မိုးထားပြီးမေးစေ့ကိုဆွဲကိုင်ထားသည်
"Min Yoongi?အဲ့ဒီကောင်ကိုငါတစ်စစီလုပ်ပစ်လို့ရတယ် ဌက်ပျောသီးအခွံခွာရတာလောက်တောင်မခက်ခဲဘူး ငါ့လက်တစ်ချောင်းတောင် ချိုးစရာမလိုဘူး"