ယောင်းလေး ထားခဲ့တဲ့နေရာမှာ ကျနော်ဒူးထောက်လျက်ကျန်ခဲ့သည်
သူ့ကို ဘယ်တော့မှ အလွယ်အတူလွှတ်ပေးမှာမဟုတ်ဘူး မရရတဲ့နည်းနဲ့ဖမ်းဆွဲထားမှာ
စိတ်ဆုံးဖြတ်ချက်နဲ့အတူ တုန်ယင်နေတဲ့ နှလုံးသားနဲ့ ကားမောင်းပြီးDaeguကိုပြန်ခဲ့သည် မျှော်လင့်ချက်တစ်ခုကိုလဲ ပိုက်ပြီးတော့ပေါ့
***
စိတ်ရောလူရောပင်ပန်းထားတာတွေကြောင့်အလုပ်ပိတ်ရက်မို့အိပ်လိုက်တာမနက်၉နာရီတောင်ထိုးတော့မည် ဖြစ်သည် သမီးကလာမနိုးပါဘူးမှတ်နေတာ Jungkook နဲ့အတူတူရှိနေသည်
"Jungkook ဘယ်ချိန်ကရောက်နေတာလဲ"
"ကြာပြီ"
Kimgi က Jungkook နဲ့အတူတူ မနက်စာ ချက်နေလေသည် သမီးဆိုတာလဲ ရွယ်တူသူငယ်ချင်းမရှိရှာတော့Jungkookကိုသူငယ်ချင်းလိုခင်တွယ်ရှာသည်
"Pa kimgiဗိုက်ဆာလို့မနက်စာချက်ထားတယ်"
Jungkook ကစားပွဲပေါ် စားစရာများ ချပေးသည်
"ထိုင်လေ စားရအောင်"
ထမင်းရယ် အရံဟင်းရယ် ကြက်ဥလိပ်ရယ် Kimchiရယ် ဖြစ်သည်
"Taehyung Kimchiရဲ့အစားအသောက်အတွက် ငါတာဝန်ယူမယ် အစားမှားလို့မရတာမို့ ငါ့ရဲ့Chefနဲ့ချက်ခိုင်းမယ်"
သမီးရဲ့ကျန်းမာရေးမို့ ငြင်းစရာမရှိပါဘူး
"ကျေးဇူးတင်ပါတယ်"
"Kimchi ကKimchiစားနေတာပဲ"
"ဦးလေးကြီးကတကယ်ပဲ!"
Jungkookနဲ့သမီးရဲ့ဆက်ဆံရေးကစကားများကြတယ် ဆူညံတယ် ကစားဖော်ကစားဖက်
Minနဲ့ကစားရင်Minကသူ့သမီးကိုအနိုင်ပေးလေ့ရှိလို့ Kimgiက စိတ်ဝင်စားဖို့မကောင်းဖူးဟု ပြောတတ်ပေမယ့်
Jungkookကတော့အနိုင်မခံအရှုံးမပေးတာကြောင့် ဆူဆူညံညံဖြစ်လေ့ရှိသည်
Jungkookရဲ့အကျင့်အတိုင်း နောက်ကွယ်ကပဲခိုးချစ် စောင့်ရှောက်လေ့ရှိသည်
သမီးလေးဟုတီတီတာတာမခေါ်ဘဲ နင်နဲ့ငါဟုသာသုံးလေ့ရှိသည်
ဒါ့ကြောင့်လဲKimgiကJungkookနဲ့သက်တောင့်သက်သာဖြစ်တာနေမယ်