France,Paris
ပါရီကို လေယာဉ်ဆိုက်ပြီ ဖြစ်သည် Jungkook ကနောက်မှလိုက်လာမည်ဆိုတော့ ကျနော်ရယ် Kimgiရယ် ဆိုယောင်းရယ်ပေါ့
ဘယ်ချိန် ဘယ်ရာသီဥတု ဖြစ်ပါစေ ပါရီရဲ့အငွေ့အသက်က Luxury ဆန်သည်
Jungkookနဲ့အလုပ်ကိစ္စကြောင့်ဥရောပတစ်ခွင်မသွားဖူးတဲ့နေရာမရှိသလောက်ပါပဲ
Jungkookမပါဘဲနဲ့တော့ပထမဆုံးပေ့ါ ရင်ထဲမှာတော့ဟာတာတာဖြစ်နေသား သမီးလက်ကိုဆွဲပြီးလျှောက်လာတော့ သမီးက မေးသည်
"Pa Paရေ"
"သမီးပြော"
"ဘာအနံ့ကြီးလဲ"
သမီးပြောတာကိုကျနော်သိတယ် ပါရီကအမျိုးသမီးလေးတွေမျက်နှာလေးတွေဟာသိပ်လှသလောက်ချိုင်းချွေးနံ့သိပ်ပြင်းထန်သည်
"လူအနံ့ပါ Paတို့နဲ့မတူတဲ့အနံ့ပေါ့"
Kimgiကရှုံ့မဲ့ကာနေရင်း မြေအောက်ရထားစီးဖို့လုပ်တော့
Kimgiကထိုးအန်ပါလေရော"အော့ သေးစော်နံတယ်"
ပါရီကအိမ်ခြေယာမဲ့တွေကမြေအောက်ရထားဘူတာထဲမှာအိပ်ကြသည်လေ ထို့ကြောင့်အချို့နေရာတွေကသေးနံ့ရနေတတ်တယ်
ဥရောပထဲမှာသန့်ရှင်းမှုအားအနည်းဆုံးက ပြင်သစ် ဖြစ်သည် ဆိုယောင်းက
"Taxi ပဲစီးလိုက်ပါ့လား Taehyung ဒါမှမဟုတ် ဥက္ကဠက-"
Jungkookရဲ့အာဏာပါဝါကိုအလွဲသုံးစားလုပ်ရတာမုန်းသည်မို့ ကြိုမယ့်သူမပို့ခိုင်းတာ
သူ့သမီးဒီလိုဖြစ်ပျက်နေမယ်မှန်းသိရင် Jungkookဘယ်လောက်တောင်ပေါက်ကွဲနေလိုက်မလဲ
မြေအောက်ရထားပေါ်မှာအမှိုက်တွေရှုပ်ပွနေပြီး ထိုင်ရတဲ့ခုံတွေကသေးလွန်းသည် တစ်ယောက်နဲ့တစ်ယောက်နီးကပ်လွန်းလှသည် သက်ပြင်းသဲ့သဲ့ချပြီး
"Taxiပဲစီးမယ်"
Eiffel Tower viewနဲ့ penthouse ကို Jungkook ကသူ့သမီး အလိုလိုက်ပြီး ပြင်ထားပေးသည်
တကယ်ပဲ မင်းသမီးတစ်ပါးလိုပြင်ဆင်ပေးထားသည်