ကြောက်ရွံနေတဲ့မျက်လုံးတွေနဲ့ခုတင်ပေါ်မှာကုပ်ကုပ်လေးထိုင်နေတဲ့ကောင်လေးကို ကျနော်ကြည့်နေမိသည်
"ကျနော်မသိခဲ့ဘူး အမေကမပြောဖူးဘူး...ကျနော်က ကျနော်က ဘာကြီးလဲ"
"မင်းကလူပါ ဒီတိုင်းပဲမင်းပါ မင်းကိုယ့်ကိုယ်ကိုယ် ဘယ် သူနဲ့မှနှိုင်းယှဉ်စရာမလိုပါဘူး"
"..."
မျက်ရည်ကြည်တွေနဲ့လဲ့နေတဲ့မျက်လုံးလေးကိုငေးမောကြည့်မိခဲ့ပြီး ကျနော့်ကိုသူ့စီမှာ ကျရှုံးစေခဲ့တယ်....
မျက်လုံးပေါ်ကိုအနမ်းတစ်ပွင့်ပေးလိုက်တဲ့ ကျနော့်ရဲ့ရုတ်တရက်ဆန်တဲ့အပြုအမူကြောင့် သူလန့်သွားပြီး အနည်းငယ်တုန်သွားသည်
"မင်းဘာလုပ်ချင်လဲ မွေးချင်လားကလေးကို.."
"အင်း"
မဆိုင်းမတွပဲဖြေလာတဲ့ ပုစိလေး ဒီအသက်၂၀အရွယ်ကောင်လေးက ဘာကိုယုံကြည်ပြီးကလေးမွေးမယ်ဆိုတာကို ကျနော်သိပ်နားမလည်
"ဆေးရုံမှာရက်နည်းနည်းနေရမယ်တဲ့ မင်းအကကျင့်ရင်းက ကိုယ်ဝန်ကိုနဲနဲထိခိုက်သွားတယ်"
ဗိုက်ကလေးကိုပွတ်သပ်ပြီး
"သူ အဆင်ပြေရဲ့လား"တဲ့"ကလေးကအဆင်ပြေပါတယ် မင်းရော"
"အင်း ကျနော်နေကောင်းတယ်"
"မင်းမိဘတွေကိုပြောပြသင့်တယ်မဟုတ်လား"
"အဖေ ကျနော့်ကိုသတ်မှာ....Daeguကိုမပြန်ရဲဘူး"
"မင်းကDaeguကလား?"
"ဟုတ်တယ်"
"ငါလဲDaeguကပဲ မင်းအခုတော့ နားနေလိုက်ဦး"
ထိုကောင်လေး ဘာတွေလိုအပ်လဲစဉ်းစားမိတော့ တစ်ဦးတည်းသော ညီမစီ ဖုန်းခေါ်မေးဖို့ လုပ်လိုက်သည်
"Hello Yoon Chae ကိုယ်ဝန်ဆောင်တွေကအခြေခံအားဖြင့်ဘာတွေလိုအပ်တတ်လဲ"
"ဟဲ့ ငါကကိုယ်ဝန်မှမဆောင်ဘူးတာ နင်ကဘာလို့မေး- မဟုတ်မှနင့်စော်ဗိုက်ကြီးသွားပြီလား!Omo Omo Omma ရေ!"
"ဟဲ့ မဟုတ်ဘူး!မဟုတ်ဘူးလို့!ကိုယ်ဝန်ဆောင်သည်ကိုသတင်းမေးရမှာမို့..."