ဆေးရုံကားပေါ်မှာ Jungkookက သမီးလက်ကိုမလွှတ်တန်းကိုင်ထားသည်
"ဒီလိုတစ်ခါမှမဖြစ်ဖူးဘူးလား Kimchiကမှိုတစ်ခါမှမစားဖူးဘူးလား"
"မစားဖူးဘူး တစ်ခါမှလဲ ဒီလိုမဖြစ်ဖူးဘူး"-
Jungkookကချွေးစေးတွေပြန်လာပြီးnecktieကိုဆွဲဖြုတ်လိုက်သည်
Oxygen maskတတ်ထားတဲ့သမီးက မျက်လုံးလေးဖွင့်လာပြီးကြည့်နေသည်
"Kimchi ဘယ်လိုနေသေးလဲ ဗိုက်အောင့်လား"
ခေါင်းခါပြပြီး
"ဦးလေးကြီးရော သက်သာသွားပြီလား..." တဲ့
ကျနော့်မျက်ရည်တွေမထိန်းနိုင်ပြန်ငိုချမိတော့သည်
Jungkookက သမီးဆံပင်လေးတွေကိုသပ်တင်ပေးလိုက်သည်
"သက်သာသွားပါပြီ ခဏအိပ်လိုက်နော်Kimchi"
Jungkook ကသူ့ဆေးရုံကို ခေါ်သွားသည်
"Doctor ကျနော့်သမီးပါ ကျနော့်လိုRH-Bသွေး သွေးအဆိပ်သင့်လာတယ်"
ဆရာဝန်တွေပျာယာခတ်နေတာကို ကြည့်ပြီး ကျနော့်ရင်ထဲ ပူလာရသည်
"Jungkook ငါ့သမီး ငါ့သမီးလေး-"
"ဘာမှမဖြစ်ဘူး Kimchiကိုဘယ်လိုပဲဖြစ်ဖြစ်ငါရအောင်ကယ်မှာ"
ဆရာဝန်တစ်ယောက်က လာရှင်းပြသည်
"ကံကောင်းလို့ အသည်းမထိလိုက်ပေမယ့် သွေးသန့်မှရမယ် ကလေးက အရမ်းငယ်လွန်းနေတယ်"
ဆရာဝန်တွေပြောတဲ့စကားကိုTaehyungကြားပြီး တုန်လှုပ်နေရှာသည်
"မစိုးရိမ်နဲ့ ငါလဲဖြစ်ဖူးတယ် အဆင်ပြေသွားမှာပါ"
"ပြေသွားမှာပါနော့်"
"အင်း ပြေသွားမှာ"
သမီးက စိတ်ချရတဲ့အခြေအနေဖြစ်သွားပေမည့် ဆေးရုံမှာဒီနေ့တစ်ရက်နေရမည် ရှုပ်ရှက်ခတ်နေတဲ့ အခြေအနေက ခဏတော့ ငြိမ်သက်သွားသည် Jungkook ကျနော့်အနားရောက်လာသည်
"စကားပြောရအောင်"
သူ့နောက်ကို လိုက်သွားလိုက်တော့ အခန်းလွတ်တစ်ခုထဲဝင်သွားသည်
"မင်းငါ့ကိုဘယ်အချိန်ထိလိမ်ဖို့စဉ်းစားထားတာလဲTaehyung မင်းငါ့ကိုဒီလောက်ထိလုပ်ရက်ရလား ငါ့သွေးသားငါ့ကလေးကို သူများကလေးဆိုပြီးလိမ်ရအောင်ထိလေ နောက်ဆုံးတော့ သွေးကိုမင်းလိမ်လို့မရခဲ့ဘူး Taehyung ငါ့ကိုဆက်သွယ်ခဲ့ပါတော့လား အော?
ငါ့သွေးသားအရင်းကိုငါပစ်လိုက်တဲ့အထိငါလူစိတ်မမဲ့သေးပါဘူး"