"Jungkook""ဟုတ်ကဲ့အဖေ"
"မင်းBallလုံးပုတ်တမ်း ကစားတာဘယ်တော့ပြီးမှာလဲ"
အဖေကလုပ်ငန်းစုကြီးရဲ့ဥက္ကဠတစ်ဦးတည်းသောကျနော့်ကိုအများကြီးဖြစ်စေချင်ပေမယ့် ကျနော်ဆိုတာလဲBasketballကလွှဲရင် ဘယ်အရာကမှကျနော့်ကိုရင်ခုန်အောင်မလုပ်နိုင်
စီးပွားစီမံ တက်ခိုင်းနေတဲ့ကြားထဲက Sport schoolကိုရွေးခဲ့ခြင်းဖြစ်သည်
ပွင့်ပွင့်လင်းလင်းပြောရရင်Sugaကိုအမြဲအားကျမိသည် သူလုပ်ချင်တာကိုသူ့အိမ်ကsupportingအပြည့်ပေးသည်လေ
ကျနော့်ရဲ့အိပ်မက်က NBA မှာကစားခွင့်ရဖို့...
ဒီစာရွက်စာတမ်းအလုပ်တွေက ချီးပဲ!
"စာရွက်တွေကျနော်စိတ်မဝင်စားဘူး အဖေ"
"အခုမင်းသုံးနေတဲ့ငွေကအဲ့စာရွက်တွေကရတာ မင်းဘောလုံးပုတ်ရင်သုံးတဲ့ပိုက်ဆံက အဲ့စာရွက်တွေကရတာပဲ"
"...."
"NBAမှာ ကစားချင်လား?"
"ဗျာ"
"ငါကူညီမယ် ဒါပေမဲ့တစ်ခုကအပေးအယူအနေနဲ့ ၅နှစ်... ၅နှစ်ပဲကစားရမယ်"
(NBA=National basketball association in America
အမေရိကန်မှာရှိတဲ့Professionalကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့၃၀ပါဝင်တဲ့ basketball အသင်းချုပ်ကြီး)NBAလို့ကြားလိုက်တာနဲ့ကျနော့်နှလုံးသားတွေဟာ တဒုန်းဒုန်း ခုန်သည်
"လုပ်မယ်အဖေ 5နှစ် ကျနော်လုံလောက်ပါတယ်"
အသက်၂၀အရွယ်ကျနော်က အိပ်မက်မျှော်လင့်ချက်တွေနဲ့ပြည့်နေတဲ့သာမာန်လူငယ်လေးတစ်ယောက်...
သူဌေးသား?Jeon Group?
အဲ့ဒီTitleတွေမဟုတ်ပဲ...Jeon Jungkook ဆိုတဲ့ကျနော်ကသာမာန်basketball professional ကစားသမားတစ်ယောက်
ကြည်နူးမှုကြောင့် မျက်ရည်တချို့မျက်လုံးထဲရောက်လာသည်
***
"Taehyungမင်းသိလား jungkook america သွားတော့မှာNBAမှာကစားတော့မှာတဲ့""ဟုတ်-ဟုတ်လား.. သူသဘောကျနေမှာပဲ.."
"ဘာလဲကွာ မင်းကဘာမှတောင်မပြောတော့ဘူးလား အဲ့ဒီကောင်ကို"