America မှာရောက်တာတစ်ပတ်ရှိပြီ ဖြစ်သည်
ဘာတွေဖြစ်နေလဲဆိုတော့ သရဲအခြောက်ခံရသလိုခံစားချက်...
Taehyungကိုနေရာတကာမှာမြင်တယ် သူ့အသံကိုနေရာစုံမှာကြားတယ်...
အခုလဲ ရေချိုးခန်းထဲမှာသူ့ရဲ့ဘဲလ်လေးအကကိုသီချင်းညီးရင်းကနေတယ်
ကျနော့်အိမ်မှာအမြဲလုပ်နေကြထဲကတစ်ခု...
၈လလုံးလုံးအဲ့လိုမြင်ကွင်းတွေမြင်လာရတော့မျက်လုံးထဲဆွဲပြီးအကျင့်ပါနေတာဖြစ်မယ်...
ဧည့်ခန်းထဲမှာအိပ်ပျော်နေတာ...
ကျနော့်ပါးကိုခပ်ဖွဖွလာနမ်းတတ်တာ...
အဝတ်လျှော်ပေးပြီးလှန်းနေတာ...
'Jungkook... စောင်လေးလှန်းချင်လို့ကူညီပေးပါလား'
ကျနော့်အိမ်ကို အဝင်အထွက်လုပ်လို့ရတာ သူတစ်ယောက်ပဲရှိတာမို့ စိတ်ဆွဲနေတာဖြစ်မယ် ပုံရိပ်ယောင်မှန်းသိနေလျက်နဲ့
"Taehyung?"
အသံထွက်ခေါ်လိုက်မိသည် ခြောက်ကပ်ကပ်ရယ်မိရင်း ခပ်တိုးတိုး ရေရွတ်မိသည်
'ငါဘာတွေလုပ်နေမိတာလဲ'
မနက်ခင်းကျောင်းသွားဖို့လာနှိုးတဲ့အခါ ကြားရတဲ့ ခပ်လွင်လွင်ရယ်သံလေး ဒီနေ့ရောထပ်ပြီးကြားနေရပြန်ပြီ...
လေ့ကျင့်ရေးကွင်းဆင်းပြီး အပြန် စိတ်ရောဂါဆရာဝန်ဆီဝင်ဆွေးနွေးတယ် သူငယ်ချင်းဆိုတာ မရှိတာကြောင့်လေ
ဆရာဝန်ရဲ့မှတ်ချက်က 'လွမ်းနာကျနေတယ်'တဲ့
လွမ်းတယ်တဲ့လား....လွမ်းတယ်ဆိုတာ ဒီလိုမျိုးလား
ဟုတ်မယ်...
သူ့ကိုမြင်လို့ရမယ့် ဘာမဆိုလုပ်နေမိတာ Scocial Media Ballet Fan Club သူ့သူငယ်ချင်းရဲ့Accတွေမှာလိုက်ကြည့်နေတယ်
ရည်းစားဟောင်းကိုStalkတာ?
ပထမဆုံးပဲ ဘဝတစ်လျှောက်လုံးမှာ ပထမဆုံးပဲ...
အသံကိုပဲဖြစ်ဖြစ်ကြားရရင် သက်သာသွားမလားဆိုပြီး
phခေါ်ကြည့်တော့ စက်ပိတ်ထားသည်တဲ့....