အင်ချွန်းလေဆိပ်ကို လေယာဉ်ဆိုက်တော့ ည၈နာရီ
Min နဲ့ Kimgi ကအဆောက်အဦးအပြင်ကနေစောင့်နေသည်"ဥက္ကဠ ကောင်းကောင်းပြန်ပါ"
Tae ကနှုတ်ဆက်ပြီးတာနဲ့တစ်ခါထဲထွက်သွားတော့သည် ဦးနှောက်ကမလိုက်ဖို့ပြောနေပေမယ့်
ခြေထောက်တွေကသွားနှင့်နေပြီ အပြင်မှာစောင့်နေတဲ့သူ့မိသားစုကို တွေ့လိုက်ရသည်
Taehyungကသမီးဖြစ်သူကိုအပြေးအလွှားပြေးဖက်ရင်းပါးကိုတဖြတ်ဖြတ်နမ်းနေသည်
ဟိုကောင်ကTaehyungရဲ့ပခုံးကိုဖက်ကာကားပေါ်တက်သွားသည်
တကယ်ဆိုလိုက်မကြည့်ခဲ့သင့်တာ... ဒီလိုမြင်ကွင်းကိုမြင်ရတိုင်းရူးမတတ်ဖြစ်ရတယ်ဆိုတာသိရဲ့နဲ့ လိုက်ကြည့်နေမိတာ ငါကိုကရူးနေတာ
"အဲ့ကားနောက်ကိုလိုက်"
"ဥက္ကဠ နားရမယ်မဟုတ်လား"
ကိုယ်ရံတော်တစ်ဖြစ်လဲDriver ချာက အားလုံးကိုသိထားသူပီပီ တားဖို့ကြိုးစားနေသည်
"ငါကိုယ်တိုင်မောင်းရမလား"
"မဟုတ်ပါဘူး ကျနော်မောင်းပါ့မယ်"
သူ့တို့နောက်ကိုလိုက်ကြည့်မိပြန်ပြီ နာကျင်ဖို့အတွက်ပေါ့
Taehyung တို့တိုက်ခန်းအောက်မှာ နေမိတဲ့နောက်ထပ်တစ်ရက် အဲ့ဒီကောင်နဲ့အတူရှိနေတယ်လို့တွေးမိတိုင်းအသက်ရူရခက်လှသည်
***
"Min"
"အင်း ယောင်းလေး"
"သမီး ကျနော်မရှိတဲ့အချိန် အစာကောင်းကောင်း စားရဲ့လား"
"အင်းစားပါတယ် Paရောဆိုပြီးခဏခဏမေးနေတာတစ်ခုပဲ"
"ကျနော်ရေချိုးဦးမယ်"
"အင်း"
ရေချိုးပြီးထွက်လာတော့ မှန်တင်ခုံရှေ့skincareလိမ်းနေတဲ့ကျနော့်ကိုMinကတစ်ချက်တစ်ချက်ခိုးကြည့်သည်
"Min ပြောစရာရှိလို့လား"
"မဟုတ်ပါဘူး"
"Min ကျနော့်ကိုလွမ်းနေတာလား"
"အင်း"
ဒီတိုင်းသူ့ကိုအနေခက်အောင်လို့စလိုက်ပေမယ့် အဲ့ဒီလိုအဖြေကိုတော့မျှော်လင့်မထားတာ အမှန်ပဲ