Part 28

23.3K 2.2K 75
                                    

စားသောက်ဆိုင်နဲ့နီးတဲ့ Apartmentတစ်ခုကိုပြောင်းလာခဲ့သည် အရင်အိမ်အဟောင်းကိုအမေ့ဆီပြန်အပ်လိုက်တာပေါ့

အမှတ်တရတချို့ကိုလဲစွန့်ခွာခဲ့တယ်...

Kimgiဆီကိုphခေါ်ပြီးကျောင်းတက်ရတာအဆင်ပြေလားမေးတော့အဆင်ပြေတယ်ပြောတယ်

အလိုက်သိတဲ့KimgiကVideo callရင်ပဲဖြစ်ဖြစ် phပြောရင်ပဲဖြစ်ဖြစ် ယောင်းလေးနဲ့အမြဲပြောစေတယ်

ယောင်းလေးမရှိခဲ့ရင်တောင် Pa အဆင်ပြေတယ် နေကောင်းတယ်ဆိုပြီး သတင်းပေးလေ့ရှိသည်

"Kimgi ဆီဘယ်တော့လာမှာလဲ Daddy"

"ငါ့သမီးကလွမ်းနေပြီလား"

"Daddyကိုလွမ်းနေပြီ"

"၂ရက်ပဲရှိသားတာကိုလေ"

"Daddy ကိုဒီကကောင်မလေးတွေနဲ့မိတ်ဆက်ပေးမယ် တကယ်လှကြတာ"

"Daddy ဒီအတိုင်းပဲနေပါရစေ Kimgiရေ"

"နောက်တာပါ Daddyကလဲ ဖွားဖွားသိရင် Kimgiကိုအမြင်ကြည်မှာမဟုတ်ဘူး"

"ငါ့သမီးလေး အဆင်ပြေရဲ့လား"

"ပြေတယ် Daddy"

"ချစ်တယ် သမီးရေ"

"ချစ်တယ် Daddy မွစ်"

ညတိုင်းphခေါ်ပြီးမှအိပ်တဲ့သမီးလေး တစ်ရက်တောင်မပျက်ကွက်ခဲ့ဘူး သမီးအသံကကျနော့်အားဆေး ဆက်လက်ရှင်သန်ရမယ့်မျှော်လင့်ချက်လေး

၅နှစ်တာဖတ်တွယ်ခဲ့တဲ့ ထိုအိမ်ကိုစွန့်ခွာခဲ့ပြီး ရှင်းလင်းစရာတွေလဲအတော်များနေသည်

ယောင်းနဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေ မိသားစုပုံလေးတွေကိုဘူးတစ်ခုထဲစုထည့်ကာသိမ်းလိုက်သည်

အမေမြင်ရင်ရန်ရှာနေဦးမှာ

အမေချိန်းပေးတဲ့Blind dateတွေကိုလဲအဆက်မပြတ်သွားရသေးသည်

ဆိုးတာက ယောင်းလေးလိုတစ်ယောက်မှရင်ခုန်အောင်မလုပ်နိုင်ကြတာပဲ

ပထမဆုံးတွေ့တဲ့နေ့ကတည်းကကြွေကျခဲ့ရတယ်..
ဘဝတစ်ခုလုံးမှာပထမဆုံးနဲ့နောက်ဆုံးဖြစ်ခဲ့ရသောကျနော့်ရဲ့ယောင်းလေး...

ချယ်ရီပင်အောက်ကနေ့ကိုပြန်သတိရလို့ ပြုံးမိသည်..

သူ့အကြောင်းခေါင်းထဲရောက်လာတိုင်းနှလုံးသားထဲအထိစီးဆင်းကာစိတ်လိုလက်ရပြုံးမိသည်

Falling in TaeWhere stories live. Discover now