စိတ်ကိုအစွမ်းကုန်ပြင်ဆင်ပြီးသော်လည်း
တကယ်တမ်း နဖူးတွေဒူးတွေ့ Taehyungကိုမိသားစုနဲ့တွေ့ရတော့ ရင်ဘတ်တစ်စုံက ပေါက်ကွဲထွက်လုမတတ် စိတ်တွေပါ လွတ်ထွက်ကုန်တော့တာ.."မင်းအဲ့ဒီကောင်ကို မချစ်တာငါသိတယ်"
"..."
ကျနော့်ပခုံးနှစ်ဖက်ကို ဆွဲကိုင်ညစ်ပြီး ပြောနေတဲ့ Jungkook
"မင်းရဲ့ချစ်ရည်လဲ့နေတဲ့မျက်ဝန်း...မရှိဘူးလေ အဲ့ကောင်ကိုကြည့်နေတာအခါဒီအတိုင်းဗလာကြီး ငါ့ကိုကြည့်တဲ့မျက်ဝန်းတွေနဲ့မတူဘူး.. မင်းငါ့ကိုချစ်နေသေးတာကို ငါသိတယ်"
"ရူးနေပြီပဲ Jeon Jungkook"
"ငါ့မျက်လုံးကိုကြည့်!ငါ့မျက်လုံးကိုကြည့်ပြီးအဲ့ဒီကောင်ကိုချစ်တယ်လို့ပြောစမ်း!"
မလိမ်တတ်တဲ့ကျနော့်မျက်လုံးတွေကိုသူကထာဝရဖတ်တတ်နေမှာပဲ...
သူ့မျက်လုံးတွေကနေအကြည့်လွှဲလိုက်တော့ အတင်းငုံကြည့်သည်
"ငါ့ကိုနာကျင်စေဖို့လား... အဲ့ဒီကောင်နဲ့လက်ထပ်လိုက်တာက ငါ့ကိုနာကျင်စေဖို့လား အဲ့ဒါဆိုရင်အခုလုံလောက်နေပါပြီ Taeရယ်..."
Taeဆိုတဲ့စကားလုံးတစ်လုံးတည်းက Jungkook မူးလာတဲ့အခါတိုင်းခေါ်တတ်တဲ့နာမည်...
သာမာန်ဆိုခေါ်ဖို့ရှက်တယ်ဆိုပြီးခေါ်ဖို့ကြိုးစားရင်း မူးနေအောင်သောက်ပြီးမှခေါ်တဲ့နာမည်...
"ငါမင်းကိုချစ်ခဲ့တာ...ချစ်တယ်....ဒီလောက်ထိချစ်မိနေမှန်းငါမသိခဲ့ဘူး..."
ပုံမှန်သာဆိုပြောထွက်မှာမဟုတ်တဲ့စကား မူးအောင်မသောက်ဘဲနဲ့တစ်ခါမှမပြောဖူးဘူး
တကယ်ကပထမဆုံးမဟုတ်ဘူး သူမူးတိုင်းချစ်တယ်လို့အနားကပ်ပြီးတိုးတိုးလေးနားထဲကိုကပ်ပြောကာနားကိုအသာဖိကပ်ကာနမ်းတတ်သည်...
အတိတ်ကအစီအရီခေါင်းထဲဝင်လာပြီး မျက်ရည်တို့ကကျဖို့ခွင့်တောင်းနေသော်လည်း ဦးနှောက်ကခွင့်မပြု
"Driverနဲ့လာတာမဟုတ်လား ငါphဆက်ခေါ်လိုက်မယ်ခဏစောင့်"
Sofaပေါ်မှာပက်လက်ကြီးနေနေတဲ့Jungkook