Jungkook ကအိပ်ရာထနောက်ကျတတ်သူမို့ သူ့ကိုမနိုးဘဲမနက်စာအရင်ပြင်ထားနှင့်လိုက်သည်
ပြင်သစ်ရဲ့အိမ်တော်တော်များများ balcony အသေးလေးတွေပါတတ်ပြီး အပြင်မှာပန်းခုံလေးတွေပတ်ရံထားတတ်သည်
"Kimgi ခဏစောင့်ဦးနော် Apaကိုနှိုးဦးမယ်"
"ဟုတ် Pa"
အခန်းထဲဝင်ပြီးသူ့ကိုနိုးတော့ ခါတိုင်းလိုပဲရစ်နေလေရဲ့
"သမီးစောင့်နေတယ် Jungkook မြန်မြန်မသွားရင်အော်လိမ့်မယ်မင်းကို"
အိပ်ချင်မူးတူးနဲ့မျက်နှာသစ်ကာပြန်ထွက်လာသည်
မနက်စာစားအတူစားကြတော့ Jungkookရဲ့အကျင့်တစ်ခုက တခြားမိသားစုကအဖေတွေလိုသတင်းစာဖတ်နေတာမျိုးPhကြည့်နေတာမျိုးမလုပ်ဘဲ
သူ့သမီးကိုကြည့်လိုက် လိုတာယူပေးလိုက် ဆံပင်ကိုသပ်တင်ပေးလိုက်ခေါင်းကိုပွတ်လိုက်နဲ့လုပ်နေလေ့ရှိသည်
သမီးနဲ့က မနက်တစ်ပိုင်းပဲကောင်းကောင်းတွေ့ရသည်လေ
ညဆိုလဲအလုပ်လုပ်နေလေ့ရှိတာမို့ မနက်သူ့သမီးကိုမတွေ့ရရင်ဒေါသထွက်တတ်သည်
ဘယ်လောက်ပဲအရေးကြီးကြီး မနက်စောစောထမသွားတဲ့Kimgiဟာလဲအလိုက်သိလွန်းလှသည်
"Kimgi ပိတ်ရက်ကိုApaတို့နဲ့ထွက်လည်မလား"
"Kimchi မအားဘူး Apa"
အခုခေတ်ကလေးတွေများကြီးကျယ်လိုက်တာ မအားဘူးတဲ့ Jungkookမျက်နှာကရှစ်ခေါက်ချိုး
"နင်ကဘာတွေလုပ်နေလို့မအားရတာလဲ company ပိုင်တာကငါပါ"
"Apaကလဲ..Kimchiလေးက လေ့ကျင့်ဖို့ရှိတဲ့ဟာ"