ယောင်းလေးက ဆုံးဖြတ်ချက်ချထားပြီး ပုံရသည်
ယောင်းလေးကို လေးစားတဲ့အနေနဲ့ ခြေတစ်လှမ်း ဆုတ်ပေးခဲ့တော့သည် သူအပြင်မှာနေဖို့ကိုလက်ခံပေးခဲ့လိုက်သည်
အကျိုးဆက်အနေနဲ့ ကောင်လေးမရှိတဲ့အိမ်...
အဲ့ဒါကအိမ်မဟုတ်တော့ဘဲ သုသာန်တစပြင်လိုပဲတိတ်ဆိတ်ခြောက်ကပ်ပြီးကြောက်စရာကောင်းလိုက်တာဆိုတာ...ကျနော့်ဘက်ကအသိုင်းအဝိုင်းကြောင့် ကောင်လေးနဲ့သမီးထိခိုက်မှာကိုလဲမလိုလားဘူး
တစ်ဖက်ကတခြားလူဆိုမျက်တောင်တစ်ချက်မခတ်ပဲတိုက်ခိုက်လို့ရပေမယ့် အမေဆိုတော့....
ကျနော်လုပ်နိုင်အုံးတော့ သူတို့တွေနဲ့ဆွေမျိုးကိစ္စဖြတ်လိုက်တာပဲလေ
သူတို့ထပ်လာမရှာနိုင်အောင် ယောင်းနဲ့သမီးကိုမနှောင့်ယှက်နိုင်အောင်မလုပ်နိုင်ဘူး ရိုက်လဲလွှတ်လို့မရ ဆဲလဲလွှတ်လို့မရ..
ယောင်းလေးရဲ့အစင်းအရာအပြည့်နဲ့မျက်နှာကိုမြင်တိုင်း သွေးတွေပြောင်းပြန်စီးနေသလိုခံစားခဲ့ရတယ် နာကျင်ခဲ့ရတယ်
အမေနဲ့Yoon Chaeကလုံးဝအလျော့ပေးမယ့်ပုံမပေါ်ဘဲ အိမ်ထောင်ဘက်တွေ့ပေးဖို့အထိကြိုးစားနေတာက တကယ်စိတ်ပျက်ဖို့ကောင်းတယ်
သူတို့တွေစိတ်ထဲမှာ ယောင်းကိုကျနော်ခွဲနိုင်တယ်များတွေးထားသလား...
ယောင်းလေးရဲ့နီးနိုင်သမျှ အနီးဆုံးအထိနေနေဦးမှာပဲ...
သူ့ကိုပိုင်ဆိုင်ရဖို့အမြဲကြိုးစားနေဦးမှာပဲ.. ယောင်းလေးကကျနော့်ရဲ့ထာဝရ...
မှောင်မဲနေတဲ့အိမ်ထဲမှာ whisky တစ်ခွက်တော့အဖော်ရှိသေးလို့တော်သေးရဲ့
ကျလုဆဲဆဲမျက်ရည်တွေကို လွတ်လပ်ခွင့်ပေးလိုက်တော့
Whiskyခွက်ထဲကိုအလုအယက်ခုန်ဆင်းကြလေတယ်ဒီနေ့လဲငါ့ဘေးမှာမင်းမရှိဘူး...
နဂိုတည်းကငါ့ဟာမဟုတ်ခဲ့လို့ ပြန်အသိမ်းခံရတာလား?
ကိုယ့်ဟာမဟုတ်တာကို လောဘတက်ခဲ့မိလို့ ဒီလိုတွေခံစားစေရတာလား