"ဘာလို့လဲ နာလို့လား အရမ်းကြီးများ ဖိမိသွားလား"Hyung ကစိုးရိမ်တကြီး မေးသည်
"မဟုတ်ပါဘူး..ဝမ်းနည်းနေလို့ အကြောင်းအရင်းမရှိဘဲ"
ဗိုက်ကလေးကိုခပ်ဖွဖွလာပွတ်ပေးပြီး
"သမီးရေ ဝမ်းမနည်းပါနဲ့နော် Daddy ရှိနေတယ် သက်တောင့်သက်သာထွက်လာလို့ရပါတယ် Appa ကိုလဲအရမ်းကြီးခက်ခဲအောင်မလုပ်ကြရအောင်လေနော်"
ကိုယ်ဝန်ကြောင့် Emotional ဖြစ်လွယ်နေတဲ့ ကျနော့်ကို ချော့သလိုလေး ပြောသည်
ဗိုက်နဲ့အိပ်ရတာအဆင်မပြေတော့ဟိုလှည့်ဒီလှည့်လုပ်နေရတာမို့Min Hyungလဲအိပ်ရမယ်မထင်
ခက်ခက်ခဲခဲ၂လနေပြီးနောက်....
ဆေးရုံမှာသမီးကိုမွေးဖို့အဆင်သင့်အနေအထားဖြင့်တက်နေရသည်
ကိုယ်ကမိန်းကလေးမဟုတ်လို့ အစစအရာရာပိုဂရုစိုက်ရမည်
ခွဲခန်းထဲဝင်သွားပြီဖြစ်တဲ့ ယောင်းလေး...
ကျနော့်လက်ဖျားတွေအေးစက်နေတယ်...
ယောင်းလေး အဆင်ပြေမှာပါနော်...
ကျနော်ကဘာသာမဲ့ဆိုပေမယ့် ဒီနေ့အချိန်မှာသူ့ကိုရှိသမျှဘုရားတွေအကုန်လုံးက စောင့်ရှောက်စေချင်မိတယ်
"ကျေးဇူးပြုပြီး ဘုရားသခင်တွေ...ကျနော့်ယောကျာ်းနဲ့သမီးလေးကိုစောင့်ရှောက်ပေးလို့ရမလား"
၂နာရီနီးပါးကြာပြီးနောက်
"ကလေးအဖေ ရှိလား""ဟုတ်ကဲ့ရှိပါတယ်"
"သမီးလေးပါ ခွဲစိတ်မှုအောင်မြင်ပါတယ်"
ဘဝမှာဝမ်းသာအရဆုံးအခိုက်တန့်... ယောင်းလေးက ကျနော့်ရဲ့ပထမဆုံးတိုင်းကိုပိုင်ဆိုင်ခဲ့တယ်...
ဝမ်းသာခြင်း ဝမ်းနည်းခြင်း ချစ်ခြင်း ကြင်နာခြင်း ဖခင်ဖြစ်ခြင်းတွေကိုပေ့ါ
ယောင်းလေးကတော့အိပ်ပျော်နေဆဲ
"သမီးလေး.. "
သမီးလေးဟာကျနော်တွေးထားတဲ့အတိုင်းယောင်းလေးနဲ့တစ်ပုံစံထဲ..