Part 14

24.3K 2.6K 173
                                    

အဝတ်လဲပေးဖို့အင်္ကျီတွေထုတ်တော့အသားကျပြီးသားအဝတ်ဗီရိုကရှာစရာမလိုပဲ ဘောင်းဘီရယ် အင်္ကျီရယ်ကိုအလွယ်တကူတွေ့သည်

"Jungkook ထ လာလဲဦး ပြီးမှအိပ်"

လက်မမြောက်နိုင်တဲ့သူ့ကိုကူဝတ်ပေးလိုက်သည်

"လက်ကဘယ်လိုလုပ်မှပျောက်မှာလဲ"

"တော်တော်ကြာကြာ Treatmentယူရမယ် ငါစိတ်မရှည်ဘူး"

"ငါ appointment ယူထားလိုက်မယ်"

"တူတူသွားပေးမှာလား မဟုတ်ရင်မသွားဘူး"

"ငါကမင်းအတွင်းရေးမှူးပဲလေ ငါလုပ်ပေးမှာပေါ့"

Jungkookကမျက်နှာကိုတစ်ချက်မော့ကြည့်ပြီး

"အတွင်းရေးမှူး?အေးလေ အတွင်းရေးမှူးပေါ့ ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ ငါသဘောကျတယ်"

"အိပ်တော့ ပြန်တော့မယ်"

အိပ်ရာပေါ်ကနေကုံးရုန်းထလာပြီး ခါးကိုလှမ်းပိုက်ဖက်သည်

"၅မိနစ် မဟုတ်ဘူး ၂မိနစ်လောက်ပဲ ဖက်ထားပါရစေ..."

အရက်မူးလာတဲ့အခါကလေးတယောက်လိုဂျီကျမြဲ

"ချစ်တယ် Tae.."

ပြောနေကျစကား..

"အင်း မနက်မှတွေ့မယ်"

သူ့လက်ကိုဖြုတ်ချခဲ့ပြီးပြန်လာခဲ့သည်

Jungkook ပခုံးကိုအာရုံရောက်နေဆဲ သုံးမရတဲ့အခြေအနေဖြစ်နေသည် ဒါကိုပေပေတေနေ နေတာJungkookတစ်ယောက် ဘာတွေတွေးပြီး ဘာတွေလုပ်နေလဲပဲ

မနက်၂နာရီ အိမ်တံခါးဖွင့်ပြီးဝင်သွားတော့ဧည့်ခန်းမှာထိုင်စောင့်နေတဲ့Min

"Min.."

"ဘယ်ကပြန်လာတာလဲ"

"ဥက္ကဠ barမှာအရမ်းမူးနေလို့သွားခေါ်ပေးလာတာ"

"ဘာ"

"ဥက္ကဠ ကတစ်ယောက်တည်းမို့ အတွင်းရေးမှူးတစ်ယောက်အနေ-"

"ရယ်စရာတွေလာမပြောနဲ့!!ဘယ်အတွင်းရေးမှူးကညကြီးအချိန်မတော် အိမ်ထိလိုက်ပို့ပေးလဲ!မင်းဒီအတိုင်းပြောလိုက်စမ်းပါ အဲ့ဒီကောင်နဲ့သွားအိပ်တယ်လို့"

Falling in TaeWhere stories live. Discover now