လုပ်နေကြအတိုင်းTaehyungရဲ့အိမ်အောက်မှာအကြောင်းပြချက်မရှိနေနေမိပြန်သည်
သွားတော့မယ်လုပ်မှ ဖိနပ်မပါပဲကလေးကိုချီပြီးလမ်းမပေါ်မှာပြေးနေတဲ့Taehyungကို တွေ့လိုက်ရသည်
"Taehyung?"
ကားမောင်းပြီး အနောက်ကနေ လိုက်သွားလိုက်သည်
"Taehyung!"
"သမီး-ကိုကယ်ပါအုံးJungkook"
"ကားပေါ်မြန်မြန်တတ်!"
ဆံပင်တွေရှုပ်ထွေးနေကာ မျက်ရည်တွေစိုနေတဲ့ ပါးပေါ်ကလက်ဝါးရာရယ် သွေးတွေထွက်နေတဲ့အစင်းအရာတွေနဲ့ နှာခေါင်းကနေ သွေးတွေက အဆက်မပြတ်ကျနေသည်
တုန်တုန်ယင်ယင်နဲ့ သတိရှိပုံမရတဲ့ သမီးကိုပွေ့ပိုက်ထားသည် သမီးကရင်ဘတ်မှာ သွေးကွက်ကြီးနဲ့ ဖြစ်သည်
"Tae ကလေးကဘာဖြစ်တာလဲ မင်းဘာဖြစ်လာတာလဲ ဘယ်သူလုပ်လိုက်တာလဲ"
ဘာမှမပြောဘဲကလေးကိုအတင်းအကြပ်ပိုက်ထားသည်
ချက်ချင်းပဲ ရင်ထဲမှာတောင့်တင်း တင်းကြပ်လာသည် Taeနဲ့သမီးကိုဒီလိုဖြစ်အောင်လုပ်တာ ဘယ်သူပဲဖြစ်နေနေ ဒီအတိုင်းကျော်မသွားဘူး စိတ်ကိုစုစည်းပြီး သတိကပ်ထားလိုက်ရသည် သက်ပြင်းတစ်ခု မှုတ်ထုတ်လိုက်ပြီး
"ကလေးအသက်ရူကြပ်လိမ့်မယ် အရမ်းဖက်မထားနဲ့ ဒီကိုပေးTae"
"ဟင့်အင်း မပေးဘူး ငါ့သမီးကိုသူတို့ထိခိုက်အောင်လုပ်နေတာ..."
"Tae ငါ့ကိုကြည့်"
မျက်ရည်ကြည်လေးများဖြင့် ဝိုင်းစက်နေတဲ့မျက်လုံးအစုံတို့က အားငယ်စွာဖြင့် ကြည့်လာသည်
"ငါကသမီးရဲ့အဖေလေ ငါ့သမီးကို ထိခိုက်အောင်လုပ်ပါ့မလား ဒီကိုပေး"
ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး သမီးကိုလွှဲပေးလာသည်
သမီးရင်ဘတ်ကသွေးကွက်က Taeရဲ့နှာခေါင်းသွေးတွေဖြစ်ပုံရသည်
သမီးကသတိမရသေး နှလုံးခုန်နေတာကတော့ပုံမှန်ပါပဲ လန့်များသွားလို့ သတိမေ့သွားခဲ့တာလား
"ကိုယ်ရံတော်ချာ မြန်မြန်မောင်းပါ"
ဆေးရုံရောက်တော့ ကလေးကိုသေချာစစ်ဆေးပေးသည်