ကျနော့်အတွက် သမီးက အရာရာပါပဲ ကျနော့် သမီးလေးအတွက်ဘာမဆို ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ
ပထမအဆင့်အနေနဲ့ နေစရာအခက်အခဲ ဖြစ်လာတော့တာပေါ့ Onlineပေါ်ကနေလို့ရမယ့်အိမ်ရှာနေပေမယ့် ကျနော့်မှာရှိတဲ့ပိုက်ဆံနဲ့ကအိမ်ခေါင်မိုးထပ်လေးပဲရမည်
လောလောဆယ်တော့ မတတ်နိုင် နေရမှာပဲပေါ့ ကသမီးလေးရော အဆင်ပြေပါ့မလား
ကျနော့်ရင်ခွင်မှီထဲမှာမှီပြီးမုန့်စားနေတဲ့သမီးကိုမြင်တော့ အခက်အခဲတွေ ခဏနတော့ မေ့သွားရသည်
သမီးခေါင်းလေးပွတ်သပ်လိုက်တော့ တွန့်ခနဲ ဖြစ်သွားသည်
"Kimgi ခေါင်းကဘာဖြစ်တာလဲ ဒီကိုပြစမ်း"
"ဘာမှမရှိပါဘူး Paရဲ့"
ခေါင်းလေးကိုအသာယူကြည့်လိုက်တော့ အရှေ့ Bangလေးကြားထဲကဖူးထနေတဲ့ ဘုလုံးကြီးကို မြင်လိုက်ရသည်
"ခိုင်းမိသွားတာလားစောနက"
အလန့်တကြားကျနော်အော်တော့ သမီးကဆံပင်လေးကိုပြန်ဖုံးလိုက်သည်
"မနာဘူး တစ်စက်မှမနာဘူး သိလား Pa"
Jungkookလိုပုံစံ နာရင်နာတယ်မပြော ချစ်ရင်ချစ်တယ်ပြော အဲ့လိုပုံစံကို တကယ်မကြိုက်ပါ
"သမီး နာရင်နာတယ်ပြောလို့ရတယ် အဲ့လိုPaမသိအောင်ဖုံးကွယ်ထားရင်Paမကြိုက်ဘူး"
"Pa ကKimgiနေမကောင်းရင်ငိုတယ်လေ...Kimgiနှလုံးသားနာတယ်"
ငိုချင်နေပေမယ့် ငိုရင်နှလုံးသားနာတဲ့သမီးကြောင့်မငိုဖြစ်တော့
"အိမ်အသစ်ပြောင်းရမယ်သမီး ကျောင်းအသစ်ရောပဲ Kimgiလေးအဆင်ပြေပါ့မလား"
"Pa Pa ရှိနေတာပဲလေ"
"ချစ်လိုက်တာ Paသမီးအလည်လေး"
မိုးမချုပ်ခင်အိမ်ခေါင်မိုးထပ်တစ်ခုကိုငှားရမ်းပြီး နေဖို့လုပ်သည်
အတော်လေးစုတ်ပြတ်နေသည် Kimgiကျောင်းစရိတ် စားစရိတ်လဲရှိနေသေးတာကြောင့်နေစရာအပေါ်ပိုက်ဆံတွေအကုန်သုံးလို့မဖြစ်ပါ
Kimgiကအလိုက်တသိ ညစ်ပတ်တယ်လဲမပြောရှာ သူမကိုချထားတဲ့နေရာမှာ အရုပ်မနဲ့လှဲအိပ်နေသည်