စနေနေ့ညနေ ရောက်လာသည်
သမီးကိုပွေ့ချီထားပြီး ဆံပင်လေးတွေကို ပွတ်သပ်ပေးနေရင်းက သူတို့သားအဖ ဆက်ဆံရေး အဆင်ပြေဖို့ ကြိုးစားလိုက်သည်
"Kimgi Paတို့အခု Bukchon Hanok ရွာလေးကိုအလည်သွားကြမှာ Daddyကသမီးစိတ်ကောက်နေလို့စီစဉ်ပေးတာ သမီးကသေချာလေးDaddyကိုစကားပြောရမယ်နော်"
ပြန်ဖြေသံမကြားပဲရင်ခွင်ထဲမှာမှောက်နေလေသည်
"Kimgi Paကိုပြန်ဖြေ"
"အွန်း"
Minကခရီးဆောင်အိတ်တွေဆွဲလာပြီးကားပေါ်တင်ပေးသည်
ရွာလေးကSeoulမြို့ထဲမှာပါပဲ တစ်ရက်သာအချိန်ရတာမို့ဝေးဝေးမသွားနိုင်ပေ သိပ်မမောင်းလိုက်ရ ရွာကိုရောက်သွားသည်
ရွာလေးကတောင်ကုန်းလေးရဲ့ထိပ်မှာမို့အနည်းငယ်တော့တက်သွားရသည်
ကိုရီးယားရိုးရာအိမ်လေးတွေချည်းရှိတဲ့ရွာလေး
နွေဦးမို့ပန်းတွေလဲပွင့်နေပြီဖြစ်သည် နိုင်ငံခြားသားတွေလည်းအများကြီး လာလည်ကြလေသည် ဒီနေ့ညဒီမှာအိပ်မည်ပေါ့
မိသားစုခန်းတစ်ခန်းယူထားတော့၃ယောက်လုံးအတူစုအိပ်ရမည်
Minနဲ့အတူတူတစ်အိပ်ရာထဲမအိပ်တာလပိုင်းလောက်ရှိပြီမို့ အခုလိုကျတော့ နည်းနည်းလေး အန်းတန်းတန်း ဖြစ်နေလေသည် Min ကပစ္စည်းတွေချ နေရာချပြီး ပြောသည်
"ညစာသွားစားရအောင်"
ရိုးရာပုံစံအခန်းငယ်လေးတွေနဲ့ဆိုင်လေး MinကKimgiနဲ့အဆင်ပြေအောင်လုပ်ရမှာမို့ကျနော်ခဏရှောင်ပေးလိုက်သည်
"Pa အိမ်သာသွားအုံးမယ် Kimgi"
Minကိုမျက်လုံးမှိတ်ပြလိုက်တော့Minကခေါင်းပြန်ညိတ်ပြသည်
အသာထွက်လာခဲ့ကာအိမ်သာထဲဝင်သွားတော့လက်တစ်စုံကဆွဲလာသည်
"Jungkook?"
အိမ်သာတံခါးကိုlockချလိုက်ပြီးကျနော့်မျက်နှာကိုဘာမှမပြောပဲကြည့်နေခဲ့သည်
"မင်းငါ့နောက်ကိုလိုက်နေတာလား မဟုတ်မှ?"
"အင်း"