နိုးလာတော့ နေတောင်မြင့်နေပြီ ဘေးနားမှာအိပ်နေတဲ့Jungkook ကိုကြည့်ပြီး ထမသွားချင်သေးလို့ မျက်နှာကိုတမေ့တမောငေးမိနေလေသည်
"အခုမှမြင်ဖူးတာလား?"
မျက်လုံးဖွင့်လာပြီးအနားကပ်လာကာတိုးဝှေ့ကာဖက်သည်
"အေးလေ အခုမှမြင်ဖူးတာပေါ့ မင်းယောကျာ်းအဖြစ်နဲ့ပေါ့"
သူ့ခါးကိုတိုးကာဖက်လိုက်သည်
"စကားကတော့အရမ်းတတ်တယ် ဒါ့ကြောင့်မိန်းကလေးတွေကြွေကြတာပေါ့"
"စောစောစီးစီး ငါ့ကိုရစ်တော့မယ်ပေါ့"
ရင်ဘတ်က တစ်နေရောကိုလှမ်းကိုက်ပြီး ခတ်ဆတ်ဆတ်တုံ့ပြန်သည်
"ဒါကငါတို့၂ယောက်ရဲ့ပထမဆုံးတော့မဟုတ်ဘူးပဲ..မိုးရွာတဲ့နေ့ကပထဆုံးဆိုတော့ဒါကဒုတိယ?"
"Jungkookကွာ တော်ပြီငါထတော့မယ်"
"နေပါဦး ဖက်အိပ်ပါရစေဦး မနေ့ညကကိစ္စပြီးပြီးချင်းအိပ်-"
"Jungkook!ငါထပြီ တော်ပြီ"
ရေချိုးခန်းထဲ လှစ်ခနဲပြေးဝင်သွားသည်
သူရေချိုးပြီးပြန်ထွက်လာတဲ့အထိကျနော်မထသေးအပေါ်ကနေရေချိုးဝတ်ရုံလေးဝတ်ထားပြီးအခန်းထဲမှာဟိုဟိုဒီဒီလျှောက်နေပြီးဖြီးလိမ်းပြင်ဆင်နေတဲ့မြင်ကွင်း....
ဒီမြင်ကွင်းက ကမ္ဘာ့အလှဆုံးဖြစ်ပြီး ကျနော်တစ်ယောက်ပဲကြည့်ခွင့်ရှိတာမျိုးပေ့ါ
Taeကမနေတတ်စွာနဲ့ လှည့်ကြည့်သည်
"နှာပူးလား မင်းက ဘာလို့အဲ့လိုကြီးကြည့်နေတာ..."
အဝတ်မပါဘဲစောင်ခြုံပြီးခေါင်းအုံးပေါ်ကနေလက်ထောက်ကာလုပ်သမျှလိုက်ကြည့်နေတဲ့Jungkook
"လှလို့ ငါ့ရဲ့ကိုယ်ပိုင်မြင်ကွင်း ငါတစ်ယောက်တည်းမြင်ခွင့်ရှိတဲ့မြင်ကွင်း"
"တစ်ရက်လောက် သမီးကျောင်းကိုလိုက်သွားဦးမယ်သမီး ကနေတာမြင်တော့ ငါပါ ကချင်လိုက်တာ"
Jungkook ကအိပ်ရာပေါ်ကနေ လှုပ်လှုပ်ရှားရှားဖြစ်လာသည်
"အဲ့တော့ ကမလို့လား Balletပြန် ကမလို့လား"