"ခဏအိပ်လိုက်ဦး ငါမင်းနိုးလာတဲ့အထိစောင့်နေပေးမယ် ကိုယ်ရံတော်ချာလည်းလာနေပါပြီ"
မျက်တောင်များမှေးဆင်းကာ နှုတ်ခမ်းတွေဖြူဖတ်ပြီးမျက်နှာမှာအပွန်းပဲ့ဒဏ်ရာနဲ့
ကားအကောင်းစားကြီးမို့လို့သာဒီလောက်မဖြစ်တာပေါ့ နို့မို့ဆိုတွေးတောင် မတွေးရဲပါ
"မင်းကိုယ်တိုင်ဘယ်တော့မှကားမမောင်းနဲ့ မင်းလက်ကော်ဖီခွက်တောင်ကိုင်ဖို့အနိုင်နိုင်"
မကြားချင်ယောင်ဆောင်ကာ မျက်လုံးကြီး စုံမှိတ်ပြီး တစ်ဖက်လှည့်သွားသည် ဒီလိုပုံစံက Kimgi နဲ့တစ်ပုံစံထဲ ပေကပ်ကပ်နဲ့ရယ်
ပခုံးပေါ်ထိစောင်ကိုလွှားပေးလိုက်တော့ လက်တွေကိုလာဆုပ်ကိုင်ထားသည်
လက်ကခပ်နွေးနွေး သူဖျားနေပြီ နဖူးပေါ်ကိုလက်တင်ပြီးစမ်းလိုက်တော့ အသားလေးတွေက ပူငွေ့ငွေ့ဖြစ်နေသည်
"ဖျားနေပြီ ဆရာဝန်ခေါ်ဦးမယ်"
"မခေါ်နဲ့"
ခေါင်းရင်းကခလုတ်ကိုလှမ်းနှိပ်လိုက်သည်
"မခေါ်ပါနဲ့ဆိုကွာ"
အလိုမကျ ရေရွတ်သံတစ်ခု ထွက်လာသည် သိပ်မကြာလိုက် ဆရာဝန်တွေတစ်အုပ်လိုက်ကြီး ကမန်းကတန်းဝင်လာသည်
အဖျားတိုင်းကာIV Dripထဲကိုဆေးတစ်မျိုးထိုးထည့်သည်
"ဥက္ကဠ သွေးက-"
မျက်လုံးဖွင့်လာကာ ဆရာဝန်ရဲ့ ပြောစကားကိုလှမ်းဟန့်သည်
"နောက်မှပြော"
ဘာတွေလျှို့ဝှက်ချင်ပြန်တာလဲ Jungkook
ဆရာဝန်တွေကခပ်သုတ်သုတ်ထွက်သွားကြသည်
"Jungkook ဘာရှိသေးတာလဲ"
"အရေးမကြီးဘူး"
"ငါနောက်မှသိရလို့ကတော့မင်းမလွယ်ဘူးမှတ်"
"မင်းမတတ်နိုင်တဲ့ကိစ္စတွေပါ Taehyung သိပြီးတော့စိတ်ရှုပ်မခံပါနဲ့"
သူကျနော့်ကို ပေးမသိပါ လှဲအိပ်နေတဲ့သူ့နောက်ကျောကိုသာ တွေတွေကြီး ကြည့်နေမိတော့သည်