"Min Suga ထွက်ခဲ့စမ်း!"
"ဘာကိစ္စလဲ"
"Taehyungကိုမင်းရိုက်လိုက်တာလား?"
"...."
"မင်းရိုက်ချင်တယ်ဆိုရင်ငါ့ကိုရိုက် ဘာအပြစ်မှမရှိတဲ့အင်အားခြင်းမမျှတဲ့Taehyungကိုမမဲနဲ့!နောက်ထပ်သူ့ကိုထိရဲထိကြည့်မင်းကိုသတ်ပစ်မယ်"
"မင်းသတ်စရာမလိုဘူး ငါ့ကိုငါသတ်ပစ်မယ် Taehyungငါ့ကြောင့်ထပ်ထိခိုက်ရင်"
နှစ်ယောက်ကြားထဲ အခြေအနေက သိပ်တင်းမာနေခဲ့သည်
ဒီလိုသာ Jungkook ဘက်က ဇွတ်ဆရွတ်ရှေ့တိုးမယ်ဆို Taehyung ထိခိုက်မှာ သူကြောက်လာတော့သည်
***
အနာရှိန်ကြောင့်ဖျားချင်ပြီးနုံးချိနေသည် Yoon Chaeကသမီးကိုထိန်းပေးနေသော်လည်းသမီးကအနားကမခွာတကပ်တကပ်ဖြင့်လဲနေရင်ဘေးနားကပ်လဲသည် ထိုင်နေရင်ပေါင်ပေါ်တက်ထိုင်သည်
ကျောထိရှည်နေသောဆံပင်ပါးပါးကောက်ကောက်လေးကိုစီးခိုင်းသည်
အိပ်ချင်နေသော်လည်း မင်းသမီးလေးအလိုကျလိုက်လုပ်ပေးနေရသည်
"KimgiရေPa paနေမကောင်းတာကိုအေ"
"ရပါတယ် ငါအဆင်ပြေပါတယ်ဆေးထိုးလိုက်တော့အယောင်လဲကျသွားပါပြီ ဆန်ပြုတ်လုပ်လိုက်အုံးမယ်"
"YoongiကDeliနဲ့ပို့လိုက်မယ်ပြောတယ် ခဏစောင့်လိုက်အုံး"
"Min အဆင်ပြေရဲ့လား.."
"တော်တော်လေးစိတ်မကောင်းဖြစ်နေပုံပဲ သူကခန့်မှန်းရခက်ပေမယ့် ဒီတစ်ခါတော့ငိုထားပုံပဲ"
"သမီးကMinကိုရိုက်လိုက်တယ် သူအတော်လေးစိတ်မကောင်းဖြစ်နေမှာ"
Kimgiက
"Daddyမကောင်းဘူး Paကိုရိုက်တယ် အီးးး"သတိရသွားပြီးတစ်ခါငိုပြန်သည်
"သမီး မငိုရဘူး Paကိုကြည့် Chaeနဲ့သမီးအတူတူဆော့တဲ့အခါ တစ်ခါတလေခိုင်းမိတာလဲရှိတယ်လေ အဲ့ဒါဆိုသမီးကChaeမုန်းမှာလား"
"မမုန်းပါဘူး.."
"အဲ့လိုပဲပေါ့ သမီးရယ် Daddyနဲ့လဲPaလဲမတော်တဆခိုင်းမိတာ"