ဂုတ်ထိရောက်နေတဲ့ဆံပင်အရှည်အကောက်လေးတွေကိုတစ်ဝက်စီးနှောင်ထားပြီချွေးတွေရွှဲစိုနေတဲ့ဆံပင်လေးတွေ...
ကြွက်သားတွေနဲ့ပြည့်နေတဲ့လက်မောင်း...
တစ်ကျောင်းလုံးရဲ့အချောဆုံး playboy Jungkook basketball ဆော့နေတာကို ဘာရယ်မဟုတ် ငေးမိသွားသည်
ကျောင်းကကွင်းထဲမှာမဟုတ် စာကြည့်တိုက်နားကoutdoorကွင်းထဲမှာဆိုတော့လူကလဲသိပ်မရှိ
"ဟိုကြည့်နေတဲ့တစ်ယောက်"
လှည့်မကြည့်ပဲ ခပ်သုတ်သုတ်ထွက်လာလိုက်တော့ နောက်စေ့ကို ဘောလုံးနဲ့ လှမ်းထုသည်
"အာ့!"
"ခေါ်နေတယ်လေ ပြန်ထူးမှပေါ့ ဘောလုံးကောက်ပြီးဒီကိုလာခဲ့"
အားလုံးရဲ့အစ....Basketballပြန်ကောက်ပေးကာယူသွားခြင်း..
ကျနော်Balletကျင့်နေတာကိုအမြဲထိုင်ကာငေးနေလေ့ရှိတဲ့Jungkook...
လူတွေရှေ့ကိုအင်္ကျီပါးပါးလေးဝတ်ပြီးဖျော်ဖြေရင်မကြိုက်တဲ့Jungkook
စင်ပေါ်မှာ ကနေတဲ့ ကျနော့်ကို သူပိုင်သလို မခံစားရတော့တာမို့မကြိုက်ဘူးတဲ့..
သူကတော့ကျနော့်အပိုင်မဟုတ်ခဲ့ဘူး.. မိန်းကလေးတွေနဲ့မတွဲတော့ပေမယ့် One night stanတွေနဲ့အိပ်တတ်သည်
ယောကျာ်းဖြစ်နေတဲ့ကျနော့်ခန္တာကိုယ်ကိုမထိတွေ့...
သူ့အပြစ်မဟုတ်လို့ကျနော်ဒါကိုပြဿနာမရှာခဲ့ ဘယ်မိန်းကလေးနဲ့မှ၁ပတ်အပြင်ပိုမခံတဲ့Jungkookက ကျနော်နဲ့၈လကြာတဲ့အထိတွဲနေဆဲ
Balletကပြီးနာနေတဲ့ခြေထောက်ကို လေ့ကျင့်ရေးဆင်းပြန်လာတဲ့သူကနှိပ်ပေးတတ်သည်
ခြေထာက်ကိုသူ့ပေါင်ပေါ်တင်ကာခြေသလုံးကြွက်သားတွေကို onlineပေါ်ကvideoကြည့်ကာနှိပ်ပေးသည်
"ဒီထဲမှာပြထားတာဒီနေရာပဲ ဟုတ်လား သက်သာလား?"
"အော သက်သာတယ်"
ပြိုင်ဆိုင်လိုစိတ်ကြီးတဲ့Jungkookကဘယ်နေရာမဆိုနိုင်ရမှကျေနပ်သည် basketball အပါအဝင်ပေါ့
သူနဲ့အထက်တန်းကတည်းကရန်ငြိုးရန်စရှိတဲ့စီနီယာအကိုကြီးအကြောင်းကြားဖူးသည်